Connect with us

Europe

တိုက်ခိုက်ရေးသုံး စက်ရုပ်လူသားတပ်ဖွဲ့ကို ၂၀၂၅ မတိုင်မီဖွဲ့စည်းနိုင်ရန် ရုရှားက ကြိုးပမ်းနေသည်ဟု ဆို 

သိပ္ပံပညာရှင်များက စက်ရုပ်လူသား စမ်းသပ်မှုတစ်ခုအား လုပ်ဆောင်နေသည်ကို တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မော်စကို၊နိုဝင်ဘာ ၂၃ ရက်(ဆင်ဟွာ)

၂၀၂၅ ခုနှစ်မတိုင်မီ ရုရှားက တိုက်ခိုက်ရေးတွင်အသုံးပြုနိုင်မည့် စက်ရုပ်လူသားတပ်ဖွဲ့ကို ဖွဲ့စည်းနိုင်ရန်  ပြင်ဆင်နေကြောင်း နိုဝင်ဘာ ၂၃ ရက် ရုရှားမီဒီယာ သတင်းများအရ သိရသည်။

တိုက်ခိုက်ရေးသုံး စက်ရုပ်လူသားများသည် လူသားထိန်းချုပ်မှုနည်းပြီး အလိုအလျာက် စစ်မြေပြင်တိုက်ခိုက်ရေးတာဝန်များကို အခြေခံအားဖြင့်လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်ကြောင်း  ရုရှား အမျိုးသားကာကွယ်ရေး စနစ်သက်ဆိုင်ရာပု ဂ္ဂိုလ်၏ပြောကြားချက်ကို ကိုးကား၍ RIA Novostiက ဖော်ပြထားသည်။ရုရှားသည် ၂၀၂၀ ခုနှစ်မှစ၍ စက်ရုပ်လူသားတပ်ဖွဲ့လုပ်ဆောင်ရန် လမ်းကြောင်းလမ်းညွှန်ကို စတင် ရေးဆွဲသွားမည်ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ် မတိုင်မီ သက်ဆိုင်ရာ သိပ္ပံသုတေသနများ ၊ အစမ်းဒီဇိုင်းရေးဆွဲမှုများနှင့် တပ်ဖွဲ့ဖွဲ့စည်းခြင်းစသည့် အစီအစဉ်များလုပ်ဆောင်သွားမည်ဖြစ်ပြီး ၎င်းတပ်ဖွဲ့သစ်ကို ရုရှား စစ်တပ်စီမံခန့်ခွဲမှုစနစ်တွင် ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းဖော်ပြချက်များအရ လက်ရှိ ရုရှားတွင် သုတေသနပြုထုတ်လုပ်ထားသည့် တိုက်ခိုက်ရေးသုံး စက်ရုပ်လူသားမှာ အလိုအလျောက်ထိန်းချုပ်မှုပလက်ဖောင်း ၅မျိုးကို အသုံးပြုကာ လုံခြုံရေး၊ သယ်ယူပို့ဆောင်ရေး၊ လောင်စာဆီဖြည့်ခြင်းစသည်တို့ကို လုပ်နိုင်ကြောင်းနှင့် စက်သေနတ် ၊ လက်ပစ်ဗုံး စသည့်တို့ကို အသုံးပြုနိုင်ကာ မောင်းသူမဲ့လေယာဉ်လွှတ်တင်ခြင်းကို လည်း ဆောင်ရွက်နိုင်ကြောင်းသိရသည်။ 

ယခုနှစ်ပိုင်းများတွင် ရုရှားစစ်တပ်သည် လက်နက်ပစ္စည်းကိရိယာ အဆင့်မြှင့်တင်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ ရုရှား စစ်တပ်၏ ခေတ်မီ လက်နက်ပစ္စည်းကိရိယာများက ၆၈ ရာခိုင်နှုန်းကျော်ရှိပြီဖြစ်ပြီး ၇၀ ရာခိုင်နှုန်းအထိ တိုးမြှင့်စေရန်နှင့်ထိုအခြေအနေမျိုးကို ဆက်လက်ထိန်းသိမ်းနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရုရှား သမ္မတ ပူတင်က နိုဝင်ဘာ ၂၂ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။  (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.