Connect with us

Europe

ဒိန်းမတ် နိုင်ငံ က အီရန် နိုင်ငံ ရှိ သံအမတ်ကြီး အား နိုင်ငံ သို့ ပြန်လည် ခေါ်ယူကြောင်း ထုတ်ပြန်ကြေညာ

ဒိန်းမတ် နိုင်ငံခြားရေးဝန်ကြီး Anders Samuelsen အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

စတော့ဟုမ်း ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

ဒိန်းမတ် နိုင်ငံခြားရေး ဝန်ကြီးဌာန က အောက်တိုဘာ ၃၀ ရက် ၌ အီရန် နိုင်ငံ ဆိုင်ရာ ဒိန်းမတ် နိုင်ငံ သံအမတ်ကြီး အား နိုင်ငံ သို့ ပြန်လည် ခေါ်ယူခဲ့ပြီး အီးယူ သို့ အဆိုပါ ကိစ္စရပ် နှင့် ပတ်သက်၍ အကြောင်းကြားစာ ပို့ခဲ့ကြောင်း ထုတ်ပြန် ကြေညာ ခဲ့သည်။

ဒိန်းမတ် နိုင်ငံခြားရေးဝန်ကြီး Anders Samuelsen က အောက်တိုဘာ ၃၀ ရက် ညပိုင်း အချိန်တွင် ကျင်းပ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ ၌ ပြည်ပ နိုင်ငံ တစ်နိုင်ငံ ၏ လုံခြုံရေး ဌာန က ဒိန်းမတ် နိုင်ငံ အတွင်း လူပုဂ္ဂိုလ် တစ်ဦး အား တိုက်ခိုက်မှုဆောင်ရွက်ရန် ကြံစည်ခြင်း အား လုံးဝလက်ခံနိုင်ခြင်း မရှိကြောင်း ၊ သံအမတ် အား နိုင်ငံ သို့ ပြန်လည်ထွက်ခွာစေရန် ခေါ်ယူခြင်း သည် သံတမန်ရေး အရ လွန်စွာ လေးနက်သည့် ဆောင်ရွက်မှု တစ်ခု ဖြစ်ကြောင်း ၊ ဒိန်းမတ် နိုင်ငံ အနေဖြင့် အီးယူ သို့ ယင်း ကိစ္စရပ် နှင့် ပတ်သက်၍ အကြောင်းကြား ခဲ့ပြီး အီးယူ မှ အီရန် နိုင်ငံ အပေါ် ပိုမို ပြင်းထန်သည့် အရေးယူ ပိတ်ဆို့မှုများ ဆောင်ရွက်ရန် နည်းလမ်းရှာဖွေသွားမည်ဖြစ်ကြောင်း ဒိန်းမတ် နိုင်ငံပိုင် သတင်းဌာန ၏ ဖော်ပြချက်အရ သိရှိရသည်။

သတင်းဖော်ပြချက်များအရ ဒိန်းမတ် နိုင်ငံခြားရေး ဝန်ကြီးဌာန က အီရန် နိုင်ငံ သံအမတ်ကြီး အား ဆွေးနွေးမှု ပြုလုပ်ရန် ဆင့်ခေါ် ခဲ့ပြီး အီရန် နိုင်ငံ က စွပ်စွဲချက် အား ငြင်းပယ် ခဲ့ကြောင်း သိရှိရသည်။

အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာန က အောက်တိုဘာ ၃၀ ရက် ၌ ဒိန်းမတ် နိုင်ငံ ၏ စွပ်စွဲချက် နှင့် ပတ်သက်၍ ကြေညာချက် တစ်ရပ် ထုတ်ပြန်ခဲ့ပြီး ဒိန်းမတ် နိုင်ငံ ၏ စွပ်စွဲချက် မှာ အီရန် နိုင်ငံ အား ဆန့်ကျင်သည့် အင်အားစုများ ၏ အကြံအစည် နှင့် ကိုက်ညီမှု ရှိပြီး ယခုကဲ့သို့ ထူခြားသည့် အချိန်ကာလ တွင် အီရန် နှင့် အီးယူ အကြား ကောင်းမွန်နေသည့် ဆက်ဆံရေး အား ဖျက်ဆီးရန် အတွက် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.