Connect with us

Europe

ရုရှားနိုင်ငံမှ နှင်ထုတ်ခဲ့သည့် သံတမန်များထဲတွင် အမေရိကန် သံရုံး ပြောခွင့်ရပုဂ္ဂိုလ် ပါဝင်

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ အမေရိကန်သံရုံး၌ လွှင့်ထူထားသော အမေရိကန်အလံအား တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ မေ ၁၃ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံက အပြန်အလှန် လက်တုံ့ပြန်သည့်အနေဖြင့် နှင်ထုတ်သော အမေရိကန် သံတမန် ၁၀ ဦးထဲတွင် သံရုံး ပြောခွင့်ရပုဂ္ဂိုလ် ရေဗက္ကာရော့စ်(Rebecca Ross)လည်း တစ်ဦး အပါအဝင် ဖြစ်ကြောင်း RIA Novosti သတင်းအေဂျင်စီက မေ ၁၂ ရက်တွင် ဖော်ပြခဲ့သည်။
“ဟုတ်ပါတယ်။စာရင်းထဲမှာ ကျွန်တော်ပါ ပါတယ် ။”ဟု ရော့စ်၏ပြောကြားချက်ကို ကိုးကား၍ RIA က ဖော်ပြခဲ့သည်။

အဆိုပါ အမေရိကန်သံတမန်များသည် ရုရှားနိုင်ငံမှ မေ ၂၁ ရက်မတိုင်မီ ထွက်ခွာကြရမည် ဖြစ်ကြောင်း RIA က ဖော်ပြခဲ့သည်။
အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ ရုရှားသံရုံး သတင်း ပြန်ကြားရေးတာဝန်ခံကို အမေရိကန်က ပြည်ဝင်ခွင့် ငြင်းပယ်လိုက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန သတင်းရင်းမြစ်တစ်ခုကို ကိုးကား၍ RIA က ဖော်ပြခဲ့သည်။

ဝါရှင်တန်ရှိ ရုရှားသံအရာရှိ ၁၀ ဦးကို ပြည်နှင်ဒဏ်ပေးခြင်း နှင့် ရုရှားနိုင်ငံအပေါ် ကျယ်ကျယ်ပြန့်ပြန့်အရေးယူပိတ်ဆို့ခြင်းများအပေါ် လက်တုံ့ပြန်ဆောင်ရွက်မှုတစ်ခုအနေဖြင့် ပြီးခဲ့သောလတွင် အမေရိကန်သံရုံးအမှုထမ်း ၁၀ ဦးကို ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။ (Xinhua)
————————————
(English Version)
U.S. embassy spokesperson among diplomats expelled from Russia
MOSCOW, May 12 (Xinhua) — U.S. Embassy Spokesperson Rebecca Ross is among the 10 U.S. diplomats expelled from Russia in a retaliatory move, the RIA Novosti news agency reported Wednesday.
“Yes, I’m on the list,” Ross was quoted by the RIA as saying.
The U.S. diplomats will have to leave the country until May 21, the report said.
The RIA also quoted a source from the Russian Foreign Ministry as saying that the press secretary of the Russian Embassy in Washington was denied entry into the United States.
The Russian Foreign Ministry announced the expulsion of 10 U.S. embassy workers last month, in a tit-for-tat response to Washington’s expulsion of 10 Russian officials and a wide array of sanctions against the country. ■