Connect with us

Europe

ရုရှားနိုင်ငံ တွင် ဓါတ်ငွေ့အိုးပေါက်ကွဲမှုကြောင့် လူ ၁ဦးသေ၊ ၉ဦး ဒဏ်ရာရရှိ

ရုရှားနိုင်ငံ တွင် ဓါတ်ငွေ့အိုးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် အဆောက်အအုံအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မော်စကို၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ တာတာစတန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှိ အဆောက်အအုံတစ်လုံးတွင် ဓါတ်ငွေ့အိုး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ တစ်ဦးသေဆုံးပြီး အခြားလူ ၉ဦး ကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ပြည်တွင်းသတင်းတစ်ခု က ဇွန် ၂၂ ရက်တွင်ဖော်ပြခဲ့သည်။

ဒေသဆိုင်ရာကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦး က ပေါက်ကွဲမှုကြောင့် လူ ၁၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် ၈ဦးကိုဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ တစ်ဦးမှာ ဆေးရုံ၌ပင် သေဆုံးသွားခဲ့ကြောင်း နှင့် ကလေးတစ်ဦးအပါအဝင် လူ၂ဦးမှာ အခြေအနေစိုးရိမ်ရကြောင်း ပြောကြားခဲ့သည်ကို ကိုးကား၍ Tass သတင်းဌာနက ဖော်ပြခဲ့သည်။

ယင်းမတော်တဆမှုသည် ဒေသစံတော်ချိန် ၁ရး၁၅နာရီ တွင် Zainsk မြို့ရှိ ငါးထပ်တိုက်အဆောက်အအုံ ၏ ငါးလွှာတွင် ဓါတ်ငွေ့အိုးပေါက်ကွဲရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း RIA Novosti သတင်းဌာနကဖော်ပြခဲ့သည်။

ပေါက်ကွဲမှုကြောင့် အထပ်နှစ်ထပ်ရှိ အခန်းလေးခန်းမှာ ထိခိုက်ပျက်စီးခဲ့ပြီး အဆောက်အအုံအတွင်းရှိ လူများကို ကယ်ထုတ်ပေးခဲ့ကြောင်း Tass ကဖော်ပြခဲ့သည်။

ပေါက်ကွဲမှုဖြစ်ပွားရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.