Connect with us

Europe

ဂျာမနီ နိုင်ငံ မှ ခရီးသည် တင်လေယာဉ် တစ်စင်းအား ဗုံးခွဲ တိုက်ခိုက်မည် ဟု ခြိမ်းခြောက်ခံ ရသဖြင့် အရေးပေါ် ဆင်းသက်မှု ဆောင်ရွက်ခဲ့ရ

ဂျာမနီ နိုင်ငံ ပိုင် Condor Airlines မှ ခရီးသည် လေယာဉ် တစ်စင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘူဒါဘက် ၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)

ဘာလင် မှ အီဂျစ် နိုင်ငံ ဟာဂါဒါ မြို့ သို့ ပျံသန်း ရန် စီစဉ် ထားသော ဂျာမနီ နိုင်ငံ ပိုင် Condor Airlines မှ ခရီးသည် လေယာဉ် တစ်စင်းသည် ဗုံးခွဲ တိုက်ခိုက်မည်ဟု ခြိမ်းခြောက်မှု တစ်ရပ်ကြောင့် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ဟန်ဂေရီ နိုင်ငံ ဘူဒါပတ်စ်မြို့ Budapest Ferenc Liszt International Airport လေဆိပ်တွင် အရေးပေါ် ဆင်းတက် ခဲ့ရသည်။

ဟန်ဂေရီ နိုင်ငံ ရဲတပ်ဖွဲ့ မှ ဗုံးလက်နက် ပြန်လည် ရှင်းလင်းရေး ပညာရှင် မှ ယင်းလေယာဉ် နှင့် လေယာဉ် ပေါ်ရှိ ခရီးသည် များကို စစ်ဆေး ခဲ့သော်လည်း ပေါက်ကွဲစေ နိုင်သော အရာဝတ္ထုများ တွေ့ရှိခဲ့ခြင်း မရှိကြောင်း ပြောကြား ခဲ့သည်။

သတင်း ဖော်ပြချက်များ အရ ယင်း A 321 ခရီးသည် လေယာဉ်အား ဝေဟင်တွင် ဟန်ဂေရီ နိုင်ငံ လေကြောင်း မှ ဝေဟင်တွင် လိုက်လံ လေ့လာ ပို့ဆောင်မှုများ ပြုလုပ် ခဲ့ပြီး လေယာဉ်ပေါ်တွင် ခရီးသည် ၁၃၀ ဦးနှင့် လေယာဉ် ဝန်ထမ်း ရဦး ပါဝင် ခဲ့ကြောင်း သိရှိခဲ့ရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117