Connect with us

Europe

ဘရာဇီး ဘောလုံးသမား နေမာ အခွန်တိမ်းရှောင်မှုအတွက် အမေရိကန် ဒေါ်လာ ၅၃ သန်း ပေးဆောင်ရန်ရှိ

ဘရာဇီး ဘောလုံးသမား နေမာအား တွေ့ရစဉ် (ဆင်ဟွာ)

ရီယို ဒီ ဂျန်နေရိုး၊ မတ် ၁၉ ရက် (ဆင်ဟွာ)

ဘရာဇီး ဘောလုံး အကျော်အမော် တစ်ဦးဖြစ်သူ နေမာ (Neymar) အား အခွန်တိမ်းရှောင်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ပေးရန် ကျန်ရှိသည့် အခွန်၊ အတိုးနှင့် ဒဏ်ကြေးများ အပါအဝင် ဘရာဇီးငွေ reais ၁၈၈.၈ သန်း (အမေ ရိကန် ဒေါ်လာ ၅၃ သန်း) ပေးဆောင်ရန် ဘရာဇီး တရားရုံးက အမိန့်ချလိုက်သည်။

ရီယို ဒီ ဂျန်နေရိုးရှိ ဖက်ဒရယ်တရားရုံး၏ တရားသူကြီး တစ်ဦးက နေမာအား လက်ရှိ ကစားနေသည့် ဘာစီလိုနာကလပ်၊ ယခင် ကလပ်အသင်း Santos နှင့် Nike ကုမ္ပဏီမှ စပွန်ဆာပေးထားရာမှ ရရှိသည့် ဝင်ငွေ များအား ကြေညာရန် ပျက်ကွက်ခဲ့သည့်အတွက် ယင်းပြစ်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

တရားရုံး၏ ထို ဆုံးဖြတ်ချက်အား အသက် ၂၄ နှစ်အရွယ် ဘောလုံးကစားသမား နေမာက အယူခံဝင်ဖွယ်ရှိ သည်။

ယင်းအမိန့်မှာ မကြာသေးမီ ရက်သတ္တပတ်က နေမာ ပိုင်ဆိုင်မှုများ ဖြစ်သည့် ကိုယ်ပိုင် ရဟတ်ယာဉ် တစ်စင်း၊ ရွက်လှေနှင့် အခြား ပိုင်ဆိုင်မှု ပစ္စည်းများစွာ အပါအဝင် ဘရာဇီးငွေ reais ၁၉၂.၇ သန်းအား ဘရာဇီး တရားရုံး တစ်ခုက ပိတ်သိမ်းလိုက်ပြီးနောက် ပေါ်ထွက်လာခြင်း ဖြစ်သည်။

နေမာ၏ ကိုယ်စားလှယ်များကလည်း ယင်းအမိန့်အား သုံးသပ်ချက်ပေးရန်အတွက်မူ တုံ့ပြန်ခြင်း မပြုထားပေ။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117