Connect with us

Europe

မြေထဲပင်လယ် ဖြတ်ကျော်ရင်း ရွှေ့ပြောင်း ဒုက္ခသည် ၉ ဦးသေဆုံး၊ ၁၀ ဦး ပျောက်ဆုံး၊ ၁,၀၀၀ ကျော် ကယ်တင်နိုင်ခဲ့

ရွှေ့ပြောင်း ဒုက္ခသည်များအား ကယ်ဆယ်လာစဉ် (ဓာတ်ပုံ-အင်တာနက်)

ရောမ၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)

ဥရောပသမဂ္ဂ ကယ်ဆယ်ရေးအဖွဲ့နှင့် အီတလီ ကြက်ခြေနီ အသင်းတို့က ၂၄ နာရီကြာ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရပြီးနောက် မြေထဲပင်လယ်ကို ဖြတ်၍ ဥရောပသို့ ဝင်ရောက်လာသည့် ရွှေ့ပြောင်း ဒုက္ခသည် ၁၀၀၀ ကျော်သည် အောက်တိုဘာလ ၂၂ ရက်က အီတလီသို့ ရောက်ရှိလာကြောင်း သိရသည်။

ထို့ပြင် သေဆုံးသူ ၉ ဦး၏ ရုပ်အလောင်းများအား ပင်လယ်အတွင်းမှ တွေ့ရှိခဲ့ပြီး အခြားသူ ၁၀ ဦးမှာ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ဒေသခံ မီဒီယာများက သတင်းဖော်ပြထားသည်။

အဆိုပါ ဒုက္ခသည်များသည် ဆီးရီးယား၊ လစ်ဗျားနှင့် နိုင်ဂျီးရီးယား၊ ဂါနာ အပါအဝင် အခြား အာဖရိကနိုင်ငံများမှ ဖြစ်သည်။

ယခုနှစ်စပိုင်းကတည်းက အီတလီနိုင်ငံသို့ ကမ်းတင်လာခဲ့သည့် ရွှေ့ပြောင်း ဒုက္ခသည် ၁၄၆,၅၀၀ ဦး ကျော်ရှိကြောင်း ပြည်ထဲရေး ဝန်ကြီးက အောက်တိုဘာလ ၂၁ ရက်၌ ပြောကြားခဲ့သည်။

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.