Connect with us

Europe

လေယာဉ်ဝန်ထမ်းများ နေမကောင်းသဖြင့် ဗန်ကူးဗာတွင် အရေးပေါ် ဆင်းသက်ခဲ့ရ

ဗြိတိန် လေကြောင်းလိုင်း လေယာဉ် တစ်စင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အော့တဝါ၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

ဗြိတိန် လေကြောင်းလိုင်း ခရီးစဉ်အမှတ် ၂၈၆ လေယာဉ်သည် ခရီးသည် ၄၀၀ ကျော်အား တင်ဆောင်ကာ ဆန်ဖရန်စစ္စကိုမှ လန်ဒန်သို့ပျံသန်းလာစဉ် လေယာဉ် ဝန်ထမ်း ၂၅ ဦးက နေထိုင်မကောင်းဖြစ်လာသဖြင့် အောက်တိုဘာလ ၁၅ ရက် အစောပိုင်းက ကနေဒါနိုင်ငံ ဗန်ကူးဗာ၌ အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း သိရသည်။

အဲဘတ်စ် A380 လေယာဉ် ခရီးစဉ်အမှတ် ၂၈၆ သည် ခရီးသည် ၄၆၉ ဦးအား တင်ဆောင်ကာ အောက်တိုဘာလ ၂၄ ရက် ဒေသစံတော်ချိန် ည ၁၀း၀၀ နာရီအချိန်၌ ဆန်ဖရန်စစ္စကိုမှ ထွက်လာခဲ့ရာ ဗန်ကူးဗာသို့ နံနက် ၃း၀၀ နာရီအချိန်၌ အရေးပေါ် ဆင်းသက်ခဲ့သည်။

ဗန်ကူးဗား ကျန်းမာရေး ဝန်ကြီး ဂေဗင် ဝီလ်ဆင်က လေယာဉ် ဝန်ထမ်း ၂၅ ဦးအား ဆေးရုံ သုံးရုံ ခွဲပြီး ပို့ခဲ့ရကြောင်း၊ ကနဦး သတင်း အစီရင်ခံစာအရ မီးခိုးငွေ့များ ရှူရိုက်မိခြင်းကြောင့် နေမကောင်း ဖြစ်သွားခဲ့ကြောင်း သိရသည်။

လေယာဉ် ဝန်ထမ်း ၂၅ ဦးလုံး နာရီပိုင်းအတွင်း ဆေးရုံမှ ဆင်းခဲ့ပြီး နေမကောင်း ဖြစ်ရသည့် အကြောင်းရင်းအား ပြောကြားထားခြင်း မရှိပေ။

ခရီးသည်များအတွက် ညတွင်းချင်း ခရီးစဉ် စီမံခန့်ခွဲပေးခဲ့ပြီးကြောင်းနှင့် ယခုလို ဖြစ်ပွားရသည့် အကြောင်းရင်းအား စုံစမ်းနေကြောင်း လေကြောင်းလိုင်းက ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.