Connect with us

Europe

ရုရှား နိုင်ငံ မှ လွှတ်တင်ခဲ့သည့် သယ်ယူပို့ဆောင်ရေး အာကာသယာဉ် လမ်းခရီးတွင် မီးလောင် ပျက်ကျ

ရုရှားနိုင်ငံ Baikonur Cosmodrome ဒုံးပျံ လွှတ်တင်စခန်းတွင် ၂၀၁၆ ခုနှစ် မတ်လ ၁၄ ရက်က လွှတ်တင်ခဲ့သည့် ExoMars 2016 အာကာကယာဉ်ကို သယ်ဆောင်သွားသော Proton-M ဒုံးပျံ အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ အာကာသ အဖွဲ့အစည်း မှ ဒီဇင်ဘာ ၁ ရက်နေ့က Baikonur Cosmodrome ဒုံးပျံ လွှတ်တင်စခန်းမှ “Soyuz-2” ဒုံးပျံ တစ်စင်းကို လွှတ်တင်ခဲ့ပြီး ၎င်းတွင် သယ်ဆောင်သွားသည့် “Progressive MS-04” သယ်ယူပို့ဆောင်ရေး အာကာသယာဉ် အား သတ်မှတ်ထားသည့် ဂြိုဟ်ပတ်လမ်းကြောင်း ကို ရောက်ရှိအောင် ပို့ဆောင်နိုင်ခြင်းမရှိခဲ့ကြောင်း သိရှိရသည်။အဆိုပါ သယ်ယူပို့ဆောင်ရေး အာကာသယာဉ် သည် အပြည်ပြည်ဆိုင်ရာ အာကာသ စခန်းသို့ ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ရန်လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့လေထု ကို ဖြတ်သန်းချိန်တွင် အဓိက ကိုယ်ထည်ပိုင်းမီးလောင်မှု ဖြစ်ပွားခဲ့ပြီးနောက် မီးလောင်ပျက်ကျကာ အစိတ်အပိုင်း အချို့မှာ ရုရှားTuva ပြည်ထောင်စု နယ်နိမိတ် အတွင်း ကျရောက် ခဲ့ကြောင်း သိရှိရသည်။

ရုရှား အာကာသ အဖွဲ့အစည်း၏ ထုတ်ပြန်ချက်အရ မော်စကို ဒေသ စံတော်ချိန် ၁၇ နာရီ ၅၂ မိနစ် တွင် လွှတ်တင်ခဲ့သည့် “Soyuz-2” ဒုံးပျံ သည် လွှတ်တင်ပြီး ၃၈၃ စက္ကန့်ကြာပြီးနောက်တွင် မြေပြင်တိုင်းတာရေး စခန်းနှင့် ဆက်သွယ်မှုပြတ်တောက်သွားခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ မြေပြင်တိုင်းတာရေး စခန်းမှ တာဝန်ရှိသူ က အာကာသယာဉ်သည် သတ်မှတ်ထားသည့် လမ်းကြောင်း အတိုင်းပျံသန်းခြင်းမရှိတော့ဘဲ အပြည်ပြည်ဆိုင်ရာ အာကာသ စခန်းကိုလည်း ရောက်ရှိတော့မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။ထို့နောက်တွင် မြေပြင်တိုင်းတာရေး စခန်းမှ အာကာသယာဉ် နှင့်ဆက်သွယ်မှု ပြတ်တောက်ချိန်တွင် ရုရှားTuva ပြည်ထောင်စု နယ်နိမိတ် လူသူကင်းမဲ့သည့် ဒေသ၏ အထက်ကောင်းကင် ၁၉၀ ကီလိုမီတာ အမြင့်တွင်ရှိနေပြီး လက်ရှိချိန်တွင် အာကာသယာဉ်မှာ ပျက်ကျ သွားပြီးဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ရုရှား နိုင်ငံ RIA သတင်းဌာန ၏ ဖော်ပြချက်တွင် အမေရိကန် အာကာသ ပညာရှင်တစ်ဦးက ရုရှားမီဒီယာကို ပြောကြားရာတွင် “Soyuz-2” ဒုံးပျံ၏ တတိယ အဆင့် တွန်းအားပေး အင်ဂျင်သည် သတ်မှတ်ချိန်မရောက်မှီ ရပ်တန့်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။လက်ရှိချိန်တွင် ရုရှား နိုင်ငံ စုံစမ်းစစ်ဆေးရေး အဖွဲ့တို့မှ Baikonur Cosmodrome ဒုံးပျံ လွှတ်တင်စခန်း ကို သွားရောက်နေပြီး ဖြစ်ကြောင်း သိရှိရသည်။

သတင်းဖော်ပြချက်များအရ ယခု ပျက်ကျခဲ့သည့် သယ်ယူပို့ဆောင်ရေး အာကာသယာဉ်တွင် ပစ္စည်းတန်ချိန် ၂.၅တန် သယ်ဆောင်သွားခဲ့ပြီး အင်ဂျင်လောင်စာဆီများ ၊ လောင်စာထောက်ပံ့မှုဆိုင်ရာ ပစ္စည်းများ ၊ လေ ၊ ရေ နှင့် အခြားအာကာသ ဆိုင်ရာ ပစ္စည်းအသီးသီး ကိုသယ်ဆောင် ခဲ့ကြောင်း သိရှိရသည်။ယခုအကြိမ် အာကာသယာဉ် ပျက်ကျမှုကြောင့် အပြည်ပြည်ဆိုင်ရာ အာကာသ စခန်းရှိ အာကာသ ယာဉ်မှူးများ၏ ပုံမှန် လုပ်ငန်းနေထိုင်မှု ကို ထိခိုက်မည် မဟုတ်ကြောင်း ကိုလည်းသိရှိရသည်။ရုရှားTsiolkovsky အာကာသ သုတေသန ဌာန မှ သုတေသီ Zheleznyakov က အပြည်ပြည်ဆိုင်ရာ အာကာသ စခန်းရှိ အသက်အာမခံ စနစ်အတွက် လိုအပ်သည့် အရန်ပစ္စည်းများသည် အနည်းဆုံး နောက်၄လကြာသည့် အထိ လုံလောက်ပြီး ထိုအရန်ပစ္စည်းများသည် ယခု ကဲ့သို့ မတော်တဆမှု ဖြစ်ပွားခြင်းကို ကာကွယ်နိုင်ရန် ဆောင်ရွက်ထားခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အခြား သတင်းဖော်ပြချက်များအရ ယခုကဲ့သို့ ဒုံးပျံ ပျက်ကျမှုနှင့် တူညီသည့် အဖြစ်ကို ၂၀၁၁ ခုနှစ် သြဂုတ်လ ပိုင်းတွင် တစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ထိုစဉ်က “Soyuz-U” ဒုံးပျံတွင် “Progressive M-12M” သယ်ယူပို့ဆောင်ရေး အာကာသယာဉ် သယ်ဆောင်ကာ လွှတ်တင်ခဲ့ပြီး စက္ကန့် ၃၀၀ အကြာတွင် ဒုံးပျံ၏ တတိယ အဆင့် တွန်းအားပေး အင်ဂျင် ချို့ယွင်းကာ ရပ်တန့်သွားခဲ့သောကြောင့် ကမ္ဘာ့လေထု အတွင်း မီးလောင်ပျက်ကျ ခဲ့သည်။ထိုအခင်းဖြစ်ပွားပြီးချိန်တွင် လေ့လာဆန်းစစ်မှုများပြုလုပ်ရာ၌ ဒုံးပျံ၏ တတိယ အဆင့် တွန်းအားပေး အင်ဂျင် တည်ဆောက်မှု တွင် ချို့ယွင်းချက်ရှိခဲ့ပြီး လောင်စာပေးပို့သည့် လမ်းကြောင်း တစ်ခု ပိတ်ဆို့မှု ဖြစ်ပွားသောကြောင့် ရပ်တန့်သွားခြင်းဖြစ်ကြောင်း သိရသည်။သို့သော် စစ်ဆေးရေး အဖွဲ့ဝင်များမှ ထိုကဲ့သို့သော ချို့ယွင်းချက်ဖြစ်ပွားသည်မှာ တစ်ခါတရံ ဖြစ်ကြောင်း သတ်မှတ်ခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.