မော်စကို ၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) ရုရှား နိုင်ငံ Kostroma ပြည်နယ် ကျေးရွာ တစ်ရွာ အနီး တွင် ရဟတ်ယာဉ် တစ်စင်း ပျက်ကျ ခဲ့ရာ လူ ၃ ဦး သေဆုံး ခဲ့ကြောင်း သိရှိရသည်။
စတော့ဟုမ်း၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ် ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကို လေဆာရူပဗေဒနယ်ပယ်၌ လုပ်ကိုင်နေသည့် သိပ္ပံပညာရှင် ၃ ဦးက ဆွတ်ခူးရရှိသွားကြောင်း Royal Swedish Academy of Sciences က အောက်တိုဘာလ ၂ ရက်တွင် ကြေညာလိုက်သည်။
အစ္စတန်ဘူလ်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ တွင် အောက်တိုဘာ ၂ ရက်က လမ်းသွားလမ်းလာများကို တူရကီလူမျိုးတစ်ဦး က မောင်းနှင်လာသော ယာဉ်တစ်စီးဖြင့် ဝင်တိုက်ခဲ့၍ လူ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်း သတင်း၌ဖော်ပြခဲ့သည်။
မန်ချက်စတာယူနိုက်တက် ၊ အောက်တိုဘာ ၂ ရက်(ဆင်ဟွာ) မန်ချက်စတာယူနိုက်တက်အသင်းသည် ယခုနှစ်ဘောလုံးရာသီတွင် ရလဒ်များဆိုးရွားနေသော်လည်း နည်းပြ မော်ရင်ဟိုက ၎င်းအနေဖြင့် အသင်းနည်းပြရာထူးတွင် ဆက်ရှိနေမည်ကို အပြည့်အဝယုံကြည်မှုရှိကြောင်း ပြောကြားလိုက်သည်။
စတော့ဟုမ်း၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ်အတွက် ဇီဝကမ္မဗေဒနှင့် ဆေးဘက်ဆိုင်ရာ နိုဘယ်ဆုကို သိပ္ပံပညာရှင် နှစ်ဦးက ပူးတွဲ ရရှိသွားခဲ့ကြောင်း နိုဘယ်ဆု ကျင်းပရေးကော်မတီက အောက်တိုဘာလ ၁ ရက်တွင် ကြေညာလိုက်သည်။
ဆစ်ဒနီ၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) သြစတြေးလျနိုင်ငံ နယူးဆောက်ဝေးလ်ပြည်နယ်မြို့တော်ဆစ်ဒနီ၌ စံချိန်တင် မူးယစ်ဆေးဝါးဖမ်းဆီးမှုတစ်ခုအတွင်း အမျိုးသားနှစ်ဦးကိုဖမ်းဆီးခဲ့ကြောင်း၊ ၎င်းတို့တွင် ကိုကင်း ၅၀၀ ကီလိုဂရမ်နှင့်ပတ်သက်နေကြောင်း အာဏာပိုင်များက စနေနေ့ကပြောကြားပါသည်။
ဘာလင်၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ အနောက်တောင်ပိုင်း Ravensburg မြို့တွင် စက်တင်ဘာလ ၂၈ ရက်က ဓားဖြင့်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး လူ ၃ ဦး စိုးရိမ်ဖွယ် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
သည်ဟိတ်ချ်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ) နယ်သာလန်နိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်မှု တစ်ခုပြုလုပ်ရန် ကြံစည်ကြောင်း သံသယရှိသဖြင့် အမျိုးသား ၇ ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း နယ်သာလန်နိုင်ငံ ပြည်သူ့ အစိုးရရှေ့နေက စက်တင်ဘာလ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
ဘူဒါပက် ၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ) ဟန်ဂေရီ နိုင်ငံ နိုင်ငံခြားရေး နှင့် ကုန်သွယ်ရေး သုတေသန ဌာန က စက်တင်ဘာ ၂၆ ရက် တွင် မြို့တော် ဘူဒါပက် ၌ ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု ၅ နှစ် ပြည့်...
Vladivostok ၊ စက်တင်ဘာ ၂၇ ရက်(ဆင်ဟွာ) အမေရိကန်က ပိုလန်တွင် အမြဲတမ်းစစ်အခြေစိုက်စခန်းထားရှိခြင်းသည် ရုရှားကို ဦးတည်သည့် လုပ်ဆောင်မှု ဖြစ်သောကြောင့် ရုရှား၏လုံခြုံရေးကို ထိခိုက်စေသည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Alexander Grushko သည် စက်တင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။