ဟဲလ်ဆန်ကီး ၊ မတ် ၂၀ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ ၊ တောင်ကိုရီးယားနိုင်ငံ နှင့် အမေရိကန်နိုင်ငံတို့မှ ကိုယ်စားလှယ်များ၏ တရားဝင်မဟုတ်သော ဆွေးနွေးပွဲကို မတ်လ ၁၉ ရက်(ဖင်လန်နိုင်ငံဒေသစံတော်ချိန်) ၌ စတင်ခဲ့ကြောင်း ဒေသတွင်း မီဒီယာက သတင်းဖော်ပြခဲ့သည်။
ပေကျင်း၊ မတ် ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရုရှားနိုင်ငံ သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရသည့် ဗလာဒီမာပူတင် (Vladimir Putin) ထံသို့ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာအား မတ်လ ၁၉ ရက်တွင် ပေးပို့လိုက်ကြောင်း သိရသည်။
မော်စကို၊ မတ် ၁၇ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံသည် မော်စကိုမြို့ရှိ ဗြိတိန်နိုင်ငံသံရုံးမှ သံတမန် ၂၃ဦးကို နှင်ထုတ်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန က မတ် ၁၇ရက်တွင် ကြေညာခဲ့သည်။ (Xinhua)
Ljubljana ၊ မတ်လ ၁၅ ရက် (ဆင်ဟွာ) ဆလိုဗေနီးယား နိုင်ငံ ဝန်ကြီးချုပ် Miro Cerar က မတ်လ ၁၄ ရက်နေ့၌ ရာထူး မှ နုတ်ထွက်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့ပြီး ရထားလမ်း တည်ဆောက်ရေး စီမံကိန်း ၏ ဆန္ဒမဲ ကောက်ခံမှု...
ဘာဆီလိုနာ ၊ မတ် ၁၅ ရက်(ဆင်ဟွာ) စပိန်နိုင်ငံ၌ ယနေ့နံနက်ပိုင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော ချန်ပီယံလိဂ် ၁၆ သင်း အဆင့် အိမ်ကွင်းအဝေးကွင်း ပွဲစဉ်တစ်ခုအဖြစ် အိမ်ရှင်ဘာဆီလိုနာအသင်း နှင့် ချဲလ်ဆီးအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ ဘာဆီလိုနာ အသင်းက ၃ဂိုး-ဂိုး မရှိဖြင့် အနိုင်ရခဲ့ကြောင်း သိရသည်။
လန်ဒန်၊ မတ် ၁၄ ရက် (ဆင်ဟွာ) နာမည်ကျော် ရူပဗေဒပညာရှင် စတီဗင် ဟော့ကင်း (Stephen Hawking) သည် အသက် ၇၆ နှစ်အရွယ်တွင် ၎င်း၏ နေအိမ်၌ ကွယ်လွန်သွားကြောင်း မိသားစု၏ ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးက မတ်လ ၁၄ ရက်တွင် ပြောကြားလိုက်သည်။
ဗီယင်နာ၊ မတ် ၁၂ ရက် (ဆင်ဟွာ) သြစကြီးယားနိုင်ငံ ဗီယင်နာမြို့ရှိ သြစတြီးယားနိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီးနေအိမ်တွင် မတ်လ ၁၁ ရက် ညပိုင်းက အသက် ၂၆ နှစ်အရွယ်သြစတြီးယာားအမျိုးသားတစ်ဦးမှ သံအမတ်အိမ်တော် လုံခြုံရေးသမားတစ်ဦး အား ဓားဖြင့် တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
စတော့ဟုမ်း ၊ မတ် ၁၂ ရက်(ဆင်ဟွာ) လွန်ခဲ့သော ဆယ်နှစ်တာကာလအတွင်း စစ်ပွဲ နှင့် ပဋိပက္ခများဖြစ်ပွားနေသည့် အရှေ့အလယ်ပိုင်းဒေသသို့လက်နက်တင်ပို့မှုမှာ နှစ်ဆကျော်မြင့်တက်ခဲ့ကြောင်း ဆွစ်ဇာလန်အခြေစိုက် သုတေသနအဖွဲ့တစ်ခုက ယနေ့မတ်လ ၁၂ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
အော်စလို၊ မတ် ၇ ရက် (ဆင်ဟွာ) ယခုနှစ် နော်ဝေးတွင် ခွင့်ပြုကန့်သတ်ထားသော ဝေလငါး ဖမ်းဆီးနိုင်သည့်အကောင်အရေအတွက်အား ၁၂၇၈ ကောင် အထိ တိုးမြင့်လိုက်ကြောင်း ၊ ယခုလို တိုးမြှင့်လိုက်ခြင်းဖြင့် နော်ဝေး၏ဝေလငါးလုပ်ငန်း ပိုမိုဖွံ့ဖြိုးလာဖို့ မျှော်လင့်ကြောင်း နော်ဝေးငါးလုပ်ငန်းရှင်ကြီး ဆန်ဘေ့ရှ်က ဆိုပါသည်။ ထို့အပြင် ၎င်းက နော်ဝေး၏ပင်လယ်ပိုင်နက်တွင်...
မော်စကို၊ မတ် ၇ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဋ္ဌာနက မတ် ၆ရက်တွင် ဆီးရီးယားနိုင်ငံ ၌ ပျက်ကျခဲ့သော စစ်ဘက် ပို့ဆောင်ရေးလေယာဉ်တစ်စီးသည် ကနဦးတွင် လူ ၃၂ဦးတင်ဆောင်လာသည်ဟု သတင်းရရှိသော်လည်း နောက်ပိုင်းတွင် ပျက်ကျချိန်၌ လူ ၃၉ဦးကို တင်ဆောင်လာခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။