Connect with us

Europe

ဘရာဇီးတွင် ဝက်သက်ရောဂါ ကင်းစင်ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့အစည်း ကြေညာ

ဝက်သက်ရောဂါ ကာကွယ်ဆေး စာသင်ကျောင်းအတွင်း ထိုးနှံခြင်းအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ရီယို ဒီဂျနေရိုး၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံတွင် ပြီးခဲ့သည့်နှစ်အတွင်း ရောဂါ ဖြစ်ပွားခဲ့ခြင်း လုံးဝ မရှိခဲ့သည့်နောက် ဝက်သက်ရောဂါ ကင်းစင်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) က ဇူလိုင်လ ၂၆ ရက် ကြေညာလိုက်သည်။

ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ပြည်နယ်များ ဖြစ်သော Pernambuco နှင့် Ceara ပြည်နယ်များ၌ ၂၀၁၃ ခုနှစ်တွင် ဝက်သက် ဖြစ်ပွားခဲ့သော်လည်း ၁၉၈၅ ခုနှစ်မှ ၂၀၀၀ ခုနှစ်အထိ ဘရာဇီးနိုင်ငံ အတွင်း ဝက်သက် ရောဂါ ဖြစ်ပွားခဲ့ခြင်း မရှိခဲ့ကြောင်း WHO ၏ ဝက်သက် အမြစ်ပြတ် တိုက်ဖျက်ရေး အပြည်ပြည်ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ Merceline Dalh-Regis က ထုတ်ပြန်ချက်၌ ပြောကြားထားသည်။
ဘရာဇီးနိုင်ငံတွင် သူနာပြု ၁၆၅ ဦး ခန့်အပ်ထားရေးနှင့် ဝက်သက်ရောဂါ ထိန်းချုပ်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု ဘရာဇီးငွေ ၁.၂ သန်း (အမေရိကန် ဒေါ်လာ ၃၃၅,၀၀၀) အား WHO နှင့် ပန် အမေရိကန် ကျန်းမာရေး အဖွဲ့ အစည်း (PAHO) တို့က ပူးတွဲ ရင်းနှီးမြှုပ်နှံခဲ့ကြသည်။
“ဒီအဆင့်ကို ရှေ့ဆက်တက်ဖို့ နဲ့ ဘယ်လို ကာကွယ်ဆေးမျိုးကို သုံးနိုင်ဆိုတဲ့ သက်သေပြဖို့ သံသယရှိစရာ မလိုပါဘူး၊ ရေကျောက်၊ ပိုလီယို၊ ဂျိုက်သိုး၊ ဝက်သက် စတဲ့ ရောဂါတွေကို အမြစ်ပြတ် ချေမှုန်းနိုင်ခဲ့ပြီး တခြား ရောဂါတွေကိုလဲ ထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်သွားမယ်” ဟု Brazilian Immunization Society ဒုတိယ ဥက္ကဋ္ဌ Renato Kfouri က ပြောသည်။
လာမည့် လများအတွင်း ဘရာဇီးနိုင်ငံတွင် ဝက်သက်ရောဂါ ကင်းစင်ကြောင်း သက်သေခံလက်မှတ်အား WHO က ထုတ်ပြန်ရန် ရှိကြောင်း သိရသည်။
ဝက်သက်ရောဂါသည် အထူးသဖြင့် ကလေးငယ်များအား ချွဲ၊ သလိပ်များမှ တဆင့် ကူးစက်လေ့ရှိသည်။ နှာချေ ခြင်း၊ ချောင်းဆိုးခြင်းမှတဆင့် လေထဲသို့ ရောက်ရှိကာ လျင်မြန်စွာ ကူးစက်နိုင်ကြောင်း ပထမဆုံး ရောဂါ လက္ခဏာအဖြစ် အရေပြားပေါ်တွင် အနီစက်များ ၁၀ ရက်ကြာအောင် ရှိနေမည် ဖြစ်သည်။
ရောဂါ ခံစားရသူ အများစုသည် ရက်သတ္တပတ် သုံးပတ်အတွင်း ပြန်လည် နာလန်ထူနိုင်သော်လည်း ရောဂါ ပြင်းထန်ပါက အဆုတ်ရောင်ခြင်း၊ အမြင်အာရုံ ပျောက်ကွယ်ခြင်းများ ဖြစ်ပွားနိုင်ကာ အာဟာရ ချို့တဲ့သည့် ကလေးငယ်များ၌ အသက်သေဆုံးသည်အထိ ဖြစ်နိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.