Connect with us

Latin America

ကျန်ရှိသည့် အမေရိကန် သံတမန်များကို ၇၂ နာရီအတွင်း ထွက်ခွာသွားရန် ဗင်နီဇွဲလား တောင်းဆို

ဗင်နီဇွဲလား သမ္မတ နီကိုးလပ်စ် မာဒူရို (Nicolas Maduro)က အမေရိကန်နှင့် နိုင်ငံရေး၊ သံတမန်ဆက်ဆံရေး ဖြတ်တောက်ကြောင်း ကြေညာစဉ်(ဆင်ဟွာ)

ကာရာကတ်စ် ၊ မတ် ၁၃ ရက်(ဆင်ဟွာ)

ဗင်နီဇွဲလား နိုင်ငံအတွင်း ကျန်ရှိနေသည့် အမေရိကန် သံတမန်များ၏ နေထိုင်ခွင့်ကာလကို ထပ်မံတိုးမြှင့်ပေးတော့မည်မဟုတ်ဘဲ ၇၂ နာရီအတွင်း နိုင်ငံအတွင်းမှ ထွက်ခွာသွားရန် ဗင်နီဇွဲလား အစိုးရက မတ် ၁၂ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျန်ရှိနေသည့် အမေရိကန်သံတမန်များက ဗင်နီဇွဲလား၏ တည်ငြိမ်အေးချမ်းရေးကို အန္တရာယ်ဖြစ်စေကြောင်း ကြေညာချက်တွင် ရေးသားထားသည်။ လက်ရှိတွင် ဗင်နီဇွဲလား အစိုးရက နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးဖြတ်တောက်ပြီးနောက် အကျိုးအမြတ်ဆိုင်ရာ ကိုယ်စားလှယ်ရုံး အပြန်အလှန် ထားရှိရန် အမေရိကန် အစိုးရနှင့်တိုက်ရိုက်ဆွေးနွေးမှုကို ရပ်တန့်လိုက်ပြီဖြစ်သည်။ ဗင်နီဇွဲလားအနေဖြင့် တန်းတူညီမျှရှိမှု၊ အပြန်အလှန်လေးစားမှုရှိသည့် အခြေအနေမျိုးတွင် ကုလသမဂ္ဂမှတစ်ဆင့် အမေရိကန်နှင့် ဆက်စပ်ဆွေးနွေးမှု ပြန်လည်လုပ်ဆောင်သွားလိုကြောင်း သိရသည်။

ဗင်နီဇွဲလားပြည်တွင်းနိုင်ငံရေး အပြောင်းအလဲဖြစ်အောင် အမေရိကန်က အဆက်မပြတ်နှိုးဆွနေ သောကြောင့် ဗင်နီဇွဲလားအစိုးရက အမေရိကန်နှင့် နိုင်ငံရေး၊သံတမန်ရေးအဆက်အသွယ် လုံး၀ ဖြတ်တောက်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ဗင်နီဇွဲလား သမ္မတ နီကိုးလပ်စ် မာဒူရို (Nicolas Maduro)က ယခုနှစ် ဇန်နဝါရီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။ ထို့နောက် အမေရိကန်ဘက်မှ အရေးပေါ်ကိစ္စဆောင်ရွက်နေခြင်းမရှိသည့် အမေရိကန် သံတမန်များနှင့်မိသားစုဝင်များ အား ဗင်နီဇွဲလားမှ ထွက်ခွာရန် ဗင်နီဇွဲလားရှိ အမေရိကန် သံရုံးကို အမိန့်ပေးခဲ့ကြောင်း သိရသည်။ ဗင်နီဇွဲလား-အမေရိကန် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ဖြတ်တောက်ပြီးနောက် အချို့အရေးကိစ္စများ ကို ဆွေးနွေးညှိနှိုင်းလျက်ရှိရာ အမေရိကန်ဘက်မှ ကျန်ရှိနေသည့် သံတမန်များကို ဗင်နီဇွဲလားတွင် နေထိုင်ရန် မူလအစက ရက် ၃၀ အချိန်အကန့်အသတ်နှင့် ဆက်စပ်ထပ်တိုးအချိန် ၁၅ ရက် ပေးထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.