Connect with us

Latin America

ကျူးဘားတွင် ဂျာမနီ စီးပွားရေးဆိုင်ရာ ရုံး ဖွင့်လှစ်မည်

ကျူးဘားနိုင်ငံ ဟာဗားနား အနောက်ဘက်ရှိ Mariel အထူး ဖွံ့ဖြိုးရေးဇုန်အားတွေ့ရစဉ် (ဆင်ဟွာ)

ဟာဗားနား၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

ကျူးဘားနိုင်ငံ မြို့တော် ဟာဗားနားတွင် ဂျာမနီ စီးပွားရေး ဆိုင်ရာ ရုံးတည်ထောင် ဖွင့်လှစ်မည် ဖြစ်ကြောင်း ဂျာမနီနှင့် ကျူးဘား နိုင်ငံတို့က ဇန်နဝါရီလ ၇ ရက်က ကြေညာခဲ့သည်။

စီးပွားရေး ဆိုင်ရာ ရုံးဖွင့်မည့် စီမံကိန်း နာလည်မှု စာချွန်လွှာအား ဂျာမနီနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် စီးပွားရေးနှင့် စွမ်းအင်ဝန်ကြီး Sigmar Gabriel နှင့် ကျူးဘားနိုင်ငံ နိုင်ငံခြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး Rodrigo Malmierca တို့ ဇန်နဝါရီလ ၇ ရက်က ဟာဗားနားမြို့၌ တွေ့ဆုံ ဆွေးနွေးအပြီး လက်မှတ် ရေးထိုး ခဲ့ခြင်း ဖြစ်သည်။

ထိုရုံးခန်း ဖွင့်လှစ်မည့် အချိန်နှင့် သက်ဆိုင်သည့် အသေးစိတ် အချက်အလက်များကိုမူ ထုတ်ဖော် မပြောကြား သေးပေ။ဂျာမနီ ကုမ္ပဏီများ ကျူးဘား နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်လာရေး ရည်ရွယ်၍ ထိုကဲ့သို့ ရုံးဖွင့်လှစ်ခြင်း လည်း ဖြစ်သည်။ လက်ရှိတွင် နှစ်နိုင်ငံ ကုန်သွယ်မှုသည် နှစ်စဉ် အမေရိကန် ဒေါ်လာ ၂၄၅ သန်း ရှိကြောင်း သိရသည်။

ဂျာမနီ ကုမ္ပဏီများ အနေဖြင့် ကျူးဘားတွင် ကာလရှည် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားကြောင်း Gabriel က ဆွေးနွေးပွဲ၌ ပြောခဲ့သည်။Malmierca ကလည်း ကျူးဘားနှင့် ဂျာမနီ နှစ်နိုင်ငံ အကြား စီးပွားရေး ဆက်ဆံမှု တိုးတက်လာရေး ကြီးမား သည့် အခွင့်အလမ်းများကို အကျဉ်းချုပ် ဖော်ပြခဲ့သည်။

Gabriel နှင့်အတူ ဗောက်စ်ဝက်ဂွန်၊ Siemens AG, Bosch အပါအဝင် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ပါဝင်သည့် ဂျာမနီ ကုမ္ပဏီ ၆၀ မှ ကိုယ်စားလှယ်များ လိုက်ပါလာခဲ့သည်။

ကျူးဘားတွင် ရှိနေစဉ်အတွင်း Gabriel သည် ဟာဗားနား အနောက်ဘက်ရှိ Mariel အထူး ဖွံ့ဖြိုးရေးဇုန်သို့ သွားရောက်ခဲ့ပြီး ကျူးဘားနိုင်ငံ ပထမ ဒုတိယ သမ္မတ Miguel Dias-Canel, စီးပွားရေး၊ စွမ်းအင်နှင့် သတ္တု တွင်း၊ စက်မှုလုပ်ငန်း ဝန်ကြီးလည်းဖြစ်၊ ကျူးဘား နိုင်ငံခြားရေး ဝန်ကြီးလည်း ဖြစ်သူ Bruno Rodriguez အပါအဝင် ကျူးဘား အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံရန် ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.