Connect with us

Latin America

ဘရာဇီးနိုင်ငံ၌ ထောင်တွင်းပဋိပက္ခကြောင့် လူ ၁၅ ဦးသေဆုံး

ဘရာဇီးနိုင်ငံမြောက်ပိုင်း Anisio Jobim အကျဉ်းတွင်း၌ ပဋိပက္ခဖြစ်ပွားပြီးနောက် ထောင်ပြင်ပတွင် လုံခြုံရေးတပ်ဖွဲ့ ဝင်များနှင့် အကျဉ်းသားမိသားစုဝင်များ ထိပ်တိုက်တွေ့ နေစဉ်(ဓာတ်ပုံ-အင်တာနက်)

ရီယိုဒီဂျနေရို ၊ မေ ၂၇ ရက်(ဆင်ဟွာ)

ဘရာဇီးနိုင်ငံမြောက်ပိုင်းတွင် မေ ၂၆ ရက်က အကျဉ်းထောင်တစ်ခု၌ ပဋိပက္ခဖြစ်မှုကြောင့် အနည်းဆုံး လူ ၁၅ ဦးသေဆုံးသွားကြောင်း ဒေသအာဏာပိုင်များက အတည်ပြု ပြောကြားခဲ့သည်။

အမေဇုန်မိုးသစ်တောဒေသတွင် တည်ရှိသော Anisio Jobim အကျဉ်းထောင်၌ ပဋိပက္ခဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အာဏာပိုင်များက ဆိုသည်။ ယင်းမှာ ထောင်ဆူမှုတစ်ခုမဟုတ်ဘဲ ဧည့်တွေ့ချိန်တွင် ဖြစ်ပွားခဲ့သော ရန်ပွဲတစ်ခုသာဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။“ ဧည့်တွေ့ချိန်မှာ လူသေဆုံးမှု ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးဘူး။ အချို့ထောင်သားတွေဟာ သူတို့ရဲ့ ဧည့်တွေ့ဆောင် အကန့်လေးထဲမှာ သေဆုံးသွားကြတယ်။ ဧည့်တွေ့လာတဲ့ မိသားစုဝင်တွေရဲ့ရှေ့မှောက်မှာပဲ အသတ်ခံလိုက်ကြရတာပါ” ဟု အကျဉ်းထောင်စီမံခန့်ခွဲရေးအတွင်းရေးမှူးရုံးအကြီးအကဲ Marcos Vinicius Almeida ကဆိုသည်။

အသတ်ခံရသူများသည် ၎င်းတို့၏ လည်ပင်း(သို့မဟုတ်) နောက်ကျောကို သွားပွတ်တံများဖြင့် အထိုးခံရ၍ သေဆုံးရခြင်းဖြစ်ကြောင်း Almeida က ပြောကြားခဲ့သည်။ အချင်းဖြစ်မှုကြောင့် ထောင်ဝန်ထမ်းတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရှိခဲ့ခြင်းမရှိပေ။မည်သည့်အတွက်ကြောင့် လူသတ်မှုကျူးလွန်ခဲ့ခြင်းကို ရှင်းရှင်းလင်းလင်းမသိရှိရသေးသော်လည်း စုံစမ်းစစ်ဆေးမှုတစ်ခု စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း နှင့် အာဏာပိုင်များ၏ အဆိုအရ ယင်းဖြစ်စဉ်ကို ထောင်တွင်းတပ်ဆင်ထားသည့် ကင်မရာများက ဓာတ်ပုံများဖမ်းယူ ရရှိထားကြောင်း သိရသည်။Anisio Jobim အကျဉ်းထောင်တွင် ၂ဝ၁၇ ခုနှစ်က ထောင်ဆူမှုတစ်ခုကြောင့် လူပေါင်း ၅၆ ဦးသေဆုံးခဲ့ရပြီး အများစုမှာ ခေါင်းဖြတ်အသတ်ခံခဲ့ရကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117