Connect with us

Latin America

ကမ္ဘာ့အငယ်ဆုံး အိုလံပစ်ရွှေတံဆိပ်ဆုရှင်ဖြစ်လာသည့် တရုတ်နိုင်ငံမှ ဆယ်ကျော်သက် ဒိုင်ဗင်သမား

ကမ္ဘာ့အငယ်ဆုံး အိုလံပစ်ရွှေတံဆိပ်ဆုရှင်ဖြစ်လာသည့် တရုတ်နိုင်ငံမှ ဆယ်ကျော်သက် ဒိုင်ဗင်သမား ရန်းချန့် အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ရီယို ဒီဂျနေရို၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ ဆယ်ကျော်သက် အမျိုးသမီး ဒိုင်ဗင်သမား ရန်းချန့် သည် သြဂုတ် ၁၈ ရက် က ၁၀မီတာအမြင့် ဒိုင်ဗင်ဖိုင်နယ်ပွဲတွင် အနိုင်ရရှိခဲ့ပြီး ရီယို အိုလံပစ်ပြိုင်ပွဲ၏ အသက်အငယ်ဆုံး ရွှေတံဆိပ်ဆုရှင် ဖြစ်လာကြောင်း သိရသည်။

အသက် ၁၅နှစ် ရှိပြီဖြစ်သော ရန်းချန့်သည် စုစုပေါင်း ရမှတ် ၄၃၉.၂၅ ရရှိကာ ၎င်း၏ တစ်နိုင်ငံတည်းသား ပြိုင်ဘက် ဖြစ်သူ Si Yajie အား ၁၉.၈၅ မှတ်အကွာဖြင့် Maria Lenk ရေကူးအားကစားရုံ၌ အနိုင်ရရှိခဲ့ကြောင်း နှင့် ကနေဒါနိုင်ငံမှ Meaghan Benfeito က စုစုပေါင်း ရမှတ် ၃၈၉.၂ မှတ်ဖြင့်ကြေးတံဆိပ်ရရှိခဲ့သည်။
ရန်းချန့်သည် အစပိုင်း တွင် ရမှတ်များ မကောင်းခဲ့သော်လည်း ၎င်း၏ နောက်ဆုံးပြိုင်ပွဲ သုံးခုတွင် အကောင်းဆုံးအမှတ်များဖြစ်သည့် ၉၄.၀၅မှတ်၊ ၉၁.၂၀မှတ် နှင့် ၉၁.၂၀ မှတ်များ အသီးသီးရရှိခဲ့ကြောင်း သိရသည်။
ရန်းချန့် က “အခုလိုရွှေတံဆိပ်ဆု ရရှိအောင် ကူညီပေးခဲ့တဲ့ ကျွန်မရဲ့ မိခင်၊ နည်းပြများ နဲ့ အသင်းသားများကို အထူးကျေးဇူးတင်ပါတယ်။ ကျွန်မအနေနဲ့အစပိုင်း အကြိုဗိုလ်လုပွဲတွေမှာ အကောင်းဆုံး မလုပ်ဆောင်နိုင်ခဲ့ပေမယ့် ဒီနေ့ပြိုင်ပွဲ မှာတော့ အထူးသဖြင့် နောက်ဆုံး ဒိုင်ဗင်သုံးပွဲ ကို အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့ပါတယ်” ဟုပြောကြားခဲ့သည်။
၎င်း၏ အသင်းဖော်ဖြစ်သူ Si က ရှုံးနိမ့်မှုကို ကျေနပ်စွာ လက်ခံပါကြောင်းနှင့် ရန်းသည် အိုလံပစ်ချန်ပီယံ တစ်ယောက် ဖြစ်ရန်ထိုက်တန်ပါကြောင်း ပြောကြားခဲ့သည်။
Si က ရန်း သည် နောက်ဆုံးပြိုင်ပွဲတွင် အကောင်းဆုံး လုပ်ဆောင်သွားခဲ့ကြောင်း၊ ၎င်းအနေဖြင့် ရွှေတံဆိပ်ရရှိမည် ဟု မျှော်လင့်ခဲ့သော်လည်း ရန်းချန့် သည် ၎င်းထက်ပိုတော်၍ ငွေတံဆိပ်ဖြင့်သာ ကျေနပ်ခဲ့ရကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ယခုအချိန်အထိ ရီယို အိုလံပစ် ဒိုင်ဗင်ပြိုင်ပွဲ တွင် မျှော်မှန်းထားသည့် ရွှေတံဆိပ် ၇ခုအနက် ၆ခုကို ရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။
နောက်ဆုံး ဒိုင်ဗင်ပြိုင်ပွဲ ဖြစ်သည့် အမျိုးသား ၁၀မီတာ အမြင့် ဒိုင်ဗင်ဖိုင်နယ်ပွဲအား သြဂုတ် ၂၀ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.