Connect with us

Latin America

မက်ဆီအား ပြည်ပပွဲပယ် ပြစ်ဒဏ်ကို ဖီဖာ ဖြေလျှော့ပေး

ဘာစီလိုနာအသင်းနှင့် Espanyol အသင်းတို့ ပွဲစဉ်တွင် ကစားနေသည့် လီယွန်နယ် မက်ဆီအား တွေ့ရစဉ် (ဆင်ဟွာ)

ရီယို ဒီဂျနေးရိုး၊ မေ ၆ ရက် (ဆင်ဟွာ)

လီယွန်နယ် မက်ဆီ (Lionel Messi) ၏ လေးပွဲပယ် ပြစ်ဒဏ်အား ဖီဖာ အယူခံ ကော်မတီက ပယ်ဖျက်ပေးလိုက်ပြီးနောက် ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် အာဂျင်တီးနားအသင်းမှ ဝင်ရောက်ယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။

အသက် ၂၉ နှစ်အရွယ် မက်ဆီသည် မတ်လအတွင်းက ကစားခဲ့သည့် အာဂျင်တီးနားက ချီလီအသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင် ဒိုင်အကူအား ပြန်ခံပြောခဲ့သည့်အတွက် ပြစ်ဒဏ်ပေးခြင်းခံခဲ့ရသည်။

မေလ ၅ ရက်က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် သက်သေ မခိုင်လုံသည့်အတွက် အာဂျင်တီးနား ဘောလုံး အသင်း၏ အယူခံအား ဖီဖာက အတည်ပြုလိုက်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် မက်ဆီ ပေးဆောင်ရမည့် ဒဏ်ကြေး ဖြစ်သော ဆွစ်ငွေ ၁၀,၀၀၀ (အမေရိကန် ဒေါ်လာ ၁၀,၀၀၀ ဝန်းကျင်) ကိုလည်း ဖီဖာက ဖြေလျှော့ပေးခဲ့သည်။

ပွဲပယ်ပြစ်ဒဏ်ကြောင့် La Paz တွင် ယှဉ်ပြိုင်ကစားခဲ့သည့် အာဂျင်တီးနားက ဘိုလီးဗီးယား (၂ ဂိုး- ဝဂိုး) ဖြင့် အနိုင်ရရှိခဲ့သော ပွဲစဉ်ကို မက်ဆီ ပါဝင်ခွင့် မရဘဲ လွဲချော်ခဲ့ရသည်။

ယခုကဲ့သို့ ကော်မတီ၏ ဆုံးဖြတ်ချက်ကြောင့် ဘာစီလိုနာအသင်း တိုက်စစ်မှူး မက်ဆီသည် အာဂျင်တီးနား အသင်းနှင့်အတူ ယခုနှစ်အတွင်း ပြုလုပ်မည့် ဥရုဂွေး၊ ဗင်နီဇွဲလား၊ ပီရူးနှင့် အီကွေဒေါ အသင်းများနှင့်အတူ ခြေစစ်ပွဲစဉ်များကို ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်သည်။

အာဂျင်တီးနားအသင်းသည် ပွဲပေါင်း ၁၄ ပွဲကစားခဲ့ပြီး ၂၂ မှတ်ဖြင့် တောင်အမေရိကဇုန်တွင် နံပါတ် ၅ နေရာ၌ ရပ်တည်နေခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.