Connect with us

Latin America

ကိုလံဘီယာ သင်္ဘောကျင်းတွင် ပေါက်ကွဲမှုဖြစ်ပွားရာ လူ ၆ဦးသေဆုံး

ကိုလံဘီယာနိုင်ငံ Cartagena မြို့ ရှိ သင်္ဘောကျင်းတစ်ခုမှ ပြုပြင်ဆဲသင်္ဘောများအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဘိုဂိုတာ၊ မေ ၁၈ ရက် (ဆင်ဟွာ)

ကိုလံဘီယာနိုင်ငံ မြောက်ပိုင်း Cartagena မြို့ ရှိ သင်္ဘောကျင်းတစ်ခုတွင် မေ ၁၇ ရက်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၆ဦးသေဆုံးပြီး ၂၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။

ပေါက်ကွဲမှုသည် နိုင်ငံပိုင် Cotecmar သင်္ဘောကျင်းရှိ ဆီတင်သင်္ဘောတစ်စီးတွင် ဖြစ်ပွားခဲ့ပြီး အခင်းဖြစ်ပွားရာ၌ လူ ၃ဦးသေဆုံးကာ အခြား ၃ဦးသည် ဆေးရုံ၌ သေဆုံးခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိမှု အများစုသည် မီးလောင်ဒဏ်ရာများဖြစ်ပြီး ဆေးကုသမှုခံယူရန် ဆေးပေးခန်းများသို့ ပို့ဆောင်ပေးထားကြောင်း နှင့် မီးသတ်သမားတစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Cotecmar သင်္ဘောကျင်း ဥက္ကဋ္ဌ Jorge Enrique Carreno က ပြုပြင်ဆဲ သင်္ဘောတစ်စီး မှ အစပြု၍ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သတင်းထောက်များအားပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.