Connect with us

Latin America

ဝါရှင်တန်မြို့ရှိ မြေအောက်ရထားလမ်းများအား စစ်ဆေးရန် ၂၉ နာရီကြာ ပိတ်ထားမည်

ဝါရှင်တန်မြို့၏ မြေအောက်ရထားလမ်းများ အား မြေပုံပေါ်၌တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ မတ် ၁၆ (ဆင်ဟွာ)

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်၏ မြေအောက်ရထားလမ်း စနစ်တစ်ခုလုံးအား အရေးပေါ် စက်ကိရိယာ များ စစ်ဆေးရန်အတွက် အနည်းဆုံး ၂၉ နာရီ ကြာ ပိတ်ထားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

စစ်ဆေးမှုများအား မတ်လ ၁၅ ရက် သန်းခေါင်ယံမှ စတင်၍ များပြားလှသည့် ထိန်းချုပ်မှု အကူးအပြောင်း စနစ် ရှိ “jumber cables” ၆၀၀ ကျော်အား စစ်ဆေးမှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မြေအောက် ရထားလမ်း အထွေထွေ မန်နေဂျာ Paul Wiedefeld က သတင်းစာ ရှင်းလင်းပွဲ ၌ပြောကြားခဲ့သည်။

၎င်းက လျှပ်ကာ ကေဘယ်လ်ကြိုးများတွင် ပွတ်တိုက်မှုများ ဖြစ်ပေါ်လာပါက မီးပွားများ ထွက်နိုင်ကြောင်း၊ ယင်းကဲသို့ ပြဿနာမျိုးအား ရှာဖွေတွေ့ရှိပါက မြေအောက်ရထား စနစ်၏ အချို့အပိုင်းများတွင် အချိန်ပိုမို ပိတ်ထားရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန် နိုင်ငံ၏ ဒုတိယ အကြီးဆုံး မြေအောက်ရထား စနစ်အား မတ်လ ၁၅ ရက် သန်းခေါင်ယံ ၁၂ နာရီမှ စ၍ မတ်လ ၁၇ ရက် နံနက် ၅ နာရီ အထိ ပိတ်ထားမှုကြောင့် ထောင်ပေါင်းများစွာသော ပုံမှန်ရထား စီးသူများနှင့် ခရီးသည်များအတွက် သွားလာရေး အခက်အခဲ ဖြစ်ပေါ်နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဝါရှင်တန်မြို့၏ မြေအောက်ရထား စနစ်သည် ခရီးသည် ၇၀၀,၀၀၀ ကျော်အား နေ့စဉ် ပို့ဆောင်ပေးနေပြီး ဝါရှင်တန်မြို့မှ အိမ်နီးချင်း မေရီလန်း နှင့် ဗာဂျီးနီးရား ပြည်နယ်များသို့ သွားရောက်နေသည့် ခရီးသည်များအတွက် အရေးကြီးသည့် ပို့ဆောင်ရေး တစ်ခု အဖြစ် လုပ်ဆောင်ပေးနေကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117