Connect with us

Latin America

အမေရိကန်သမ္မတ ရွေးကောက်ပွဲနေ့မှာ ရေနံဈေးမြင့်တက်

အမေရိကန်သမ္မတလောင်း နှစ်ဦးဖြစ်သည့် ဟီလာရီ ကလင်တန် နှင့် ဒေါ်နယ်ထရန့်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးယောက်၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)

အမေရိကန်ရွေးကောက်ပွဲ ရလဒ်အား ရင်းနှီးမြှုပ်နှံသူများက စောင့်ကြည့်နေ၍ အမေရိကန် ရေနံဈေးနှုန်းသည် နိုဝင်ဘာ၈ရက်တွင် မြင့်တက်လာခဲ့ကြောင်း သိရသည်။

ဒေါ်နယ်ထရန့်အနိုင်ရရှိပါက စီးပွားရေးမတည်မငြိမ်ဖြစ်မည်ကို ဈေးကွက်က စိုးရိမ်နေမှုအား ချောမွေ့အဆင်ပြေစေရန် FBI က ဟီလာရီ၏ သီးသန့်ဆာဗာ အသုံးပြုမှုကိစ္စ နှင့် ပတ်သက်၍ တရားစွဲမည်မဟုတ်ဟု ပြောကြားခဲ့အပြီး အမေရိကန်ရေနံဈေးနှုန်း ၂ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်။

FBI ညွှန်ကြားရေးမှုး James Comey က ကလင်တန်သည် နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန၌ ရှိစဉ် အတွင်း သီးသန့် အီးမေးလ် ဆာဗာအသုံးပြုမှုနှင့် ပတ်သက်၍ ၎င်းအား စွဲချက်တင်သွားမည်မဟုတ်ဟူသော ဇူလိုင်လက ကြေညာချက်အား ပြောင်းလဲမည်မဟုတ်ကြောင်း အမေရိကန်အိမ်ဖြူတော် အဖွဲ့ဝင်များသို့ နိုဝင်ဘာ ၆ရက်က ပြောကြားခဲ့သည်။

အဆိုပါ သတင်းသည် အမေရိကန်ရွေးကောက်ပွဲအတွက် ကလင်တန်၏ မဲဆွယ်မှုအား အားကောင်းလာစေခဲ့ပြီး ယင်းအချိန်၌ အမေရိကန် ရေနံဈေးနှုန်းအား ဝ.၂ရာခိုင်နှုန်းအထိ မြင့်တက်စေခဲ့ကြောင်းသိရသည်။

လေ့လာသူများက ရင်းနှီးမြှုပ်နှံသူများသည် အမေရိကန်ရွေးကောက်ပွဲ၌ ဒေါ်နယ်ထရန့် အနိုင်ရရှိခြင်းထက် ဟီလာရီ ကလင်တန် အနိုင်ရရှိလာခြင်းက ဈေးကွက်မတည်ငြိမ်မှု နှင့် မလိုလားအပ်သည့် ဖြစ်ရပ်များကို နည်းပါးစေနိုင်သည်ဟု ယေဘုယျအားဖြင့် မျှော်လင့်ကြကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.