Connect with us

Latin America

Rio 2016 အိုလံပစ် လက်မှတ် သုံးပုံ နှစ်ပုံ ကျော် ရောင်းချပြီးစီး

Rio 2016 အိုလံပစ် ကျင်းပမည့် အားကစားရုံကြီးများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရီယို ဒီဂျနေးရိုး ၊ မေ ၂၁ ရက် (ဆင်ဟွာ)

ရီယို ဒီဂျနေးရိုးမြို့တွင် ရောင်းချနေသည့် Rio 2016 အိုလံပစ် လက်မှတ်များ၏ သုံးပုံ နှစ်ပုံ ကျော်အား ရောင်းချ ပြီးစီးသွားပြီ ဖြစ်ကြောင်း ပွဲစီစဉ်သူများက မေလ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

အိုလံပစ် ဖွင့်ပွဲ မတိုင်ခင် သုံးလအလိုတွင် လက်မှတ်ပေါင်း ၇.၄ သန်း၏ ၆၇ ရာခိုင်နှုန်းကို ရောင်းချပြီး ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

လက်မှတ် ဝယ်လိုအား မြင့်တက်ခဲ့သော်လည်း ပြိုင်ပွဲ အများစု အတွက် လက်မှတ်များ ကျန်ရှိနေသေးကြောင်း Rio 2016 လက်မှတ် ရောင်းချရေး ဒါရိုက်တာ Donovan Ferreti က ပြောကြားခဲ့သည်။

Ferreti က ဘတ်စကက်ဘော၊ ဘောလီဘော နှင့် ကမ်းခြေဘောလီဘော ကဲ့သို့သော ပြိုင်ပွဲကြီးများ၏ ကနဦး ပြိုင်ပွဲလက်မှတ်များ ကျန်ရှိနေသေးကြောင်း သတင်းထောက်များသို့ ပြောကြားခဲ့သည်။

Rio 2016 အိုလံပစ် လက်မှတ် ပထမအသုတ် စတင်ရောင်းချခြင်းကို ၂၀၁၅ ခုနှစ် မတ်လတွင် စတင်ခဲ့ပြီး လက်မှတ် ဈေးနှုန်းများသည့် လူစိတ်ဝင်စားမှု နည်းပါးသည့် ပြိုင်ပွဲများ အတွက် အမေရိကန် ဒေါ်လာ ၁၂ ဒေါ်လာ မှ ဖွင့်ပွဲ အခမ်းအနား၏ အထူးပွဲကြည့်စင် အတွက် အမေရိကန် ဒေါ်လာ ၁,၃၀၀ အထိ အစားစား ရှိကြောင်း သိရသည်။

Rio 2016 အိုလံပစ် ပြိုင်ပွဲသည် တောင်အမေရိကတွင် ပထမဆုံး ကျင်းပသည့် အိုလံပစ်ပြိုင်ပွဲ ဖြစ်ပြီး သြဂုတ်လ ၅ ရက်မှ ၂၁ ရက်အထိ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)