Connect with us

Latin America

ဘရာဇီးနိုင်ငံ သမ္မတဟောင်း မစ်ချယ်တီမာ (Michel Temer) နောက်ထပ်အမှုတစ်ခုတွင် အကျင့်ပျက်ခြစားမှုဖြင့် တရားစွဲခံရ

ဘရာဇီးနိုင်ငံ သမ္မတဟောင်း မစ်ချယ် တီမာအား တွေ့ရစဉ် (ဆင်ဟွာ)

ရီယိုဒီဂျနေးရိုး၊ မတ် ၂၉ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ သမ္မတဟောင်း မစ်ချယ် တီမာ (Michel Temer) သည် အကျင့်ပျက်ခြစားမှုတစ်ခု စုံစမ်းစစ်ဆေးရာ၌ အဖမ်းခံရပြီး တစ်ပတ်အကြာတွင် ဒုတိယမြောက်အမှုတစ်ခုအတွက် မတ်လ ၂၈ ရက်တွင် စွဲချက်တင်ခံခဲ့ရကြောင်း သိရသည်။

မတ်လ ၂၅ ရက်က ပထမအမှုအတွက် ထောင်မှ လွတ်မြောက်လာသူ တီမာသည် အသားထုပ်ပိုးသည့် ကုမ္ပဏီ JBS ထံမှ ရီရယ် ၅၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၂၇,၈၇၇) အားလာဘ်ယူခဲ့ကြောင့် စွပ်စွဲခံနေရခြင်း ဖြစ်သည်။ပထမအမှုမှာ တီမာ သမ္မတတာဝန်ထမ်းဆောင်နေစဉ် ၂၀၁၇ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည်။ သို့သော်လည်း သမ္မတဖြစ်သည့်အတွက် ၎င်း၏ အစိုးရသက်တမ်းတွင် ဆိုင်းငံ့ထားရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် တီမာ တာဝန်မှပြီးဆုံးပြီးနောက် အမှုအား ပြန်ဖွင့်ခဲ့သည်။

တီမာသည် JBS အကြီးအကဲ ဂျို့စ်လေ ဘာတစ်စ်တာ (Joesley Bastista) နှင့် အကျင့်ပျက်မှုအကြောင်း ပြောဆိုထားသည်ကို အသံဖမ်းယူခြင်းခံခဲ့ရသည်။ အဆိုပါ အသံဖမ်းယူမှုအား ဘတ်တစ်စ်တာ ကိုယ်တိုင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။စကားပြောဆိုပြီးနောက် အသံဖိုင်တွင် ပါဝင်သူ တီမာ၏ အကြံပေးဟောင်း ရိုချာ လောရက်စ် (Rocha Loures) လည်း ငွေသား ရီရယ် ၅၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၂၇,၈၇၇) ပါဝင်သည့် လက်ဆွဲအိတ်အား လက်ခံနေသည့်ပုံကို ရိုက်ကူးခံထားရသည်။ တီမာကမူ ယင်းအမှုတွင် ပါဝင်ခြင်းမရှိဟု အစဉ်အမြဲငြင်းဆိုထားကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117