ကာရာကာ ၊ ဇွန် ၁၆ ရက် (ဆင်ဟွာ) ကိုလံဘီယာ နိုင်ငံမြောက်ပိုင်း Cúcuta မြို့ရှိ စစ်တပ်တပ်စခန်းတစ်ခုသည် ကားဗုံးဖြင့်တိုက်ခိုက်ခံခဲ့ရသဖြင့် တပ်ဖွဲ့ဝင် ၃၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီး Diego Molano Aponte က ဇွန် ၁၅ ရက် ညနေပိုင်းတွင် အတည်ပြုပြောကြားခဲ့သည်။ ကာကွယ်ရေးဝန်ကြီး...
ဆန်ဒီယာဂို ၊ မတ် ၃၁ ရက် (ဆင်ဟွာ) ချီလီနိုင်ငံသမ္မတ Sebastian Pinera က ချီလီနိုင်ငံအနေဖြင့် တရုတ်နိုင်ငံထုတ် CanSino COVID-19 ရောဂါကာကွယ်ဆေးဝယ်ယူရေး သဘောတူညီမှု စာချုပ်ကို လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း မတ်လ ၃၀ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။
မက္ကဆီကိုစီးတီး ၊ မတ် ၂၃ ရက်(ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ၌ ပြီးခဲ့သော ၂၀၂၀ ပြည့်နှစ်တွင် COVID-19 ကပ်ရောဂါကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း(MSMEs) တစ်သန်းကျော် ပိတ်သိမ်းခဲ့ကြောင်း ၊ အခြားဖွင့်ထားသောလုပ်ငန်းများသည်လည်း တစ်စိတ်တစ်ပိုင်းသာ လုပ်ကိုင်ဆောင်ရွက်နေမှုများလည်း များစွာရှိနေကြောင်း အမျိုးသား စာရင်းအင်းနှင့် ပထဝီဌာန(INEGI) ၏...
ဟားဗားနား၊မတ် ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကိစ္စရပ်များတွင် အထူးသဖြင့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) နှင့်ပတ်သက်၍ နိုင်ငံခြားဝင်ရောက်စွက်ဖက်ခြင်းကို လက်မခံပယ်ချကြောင်း ကျူးဘားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Bruno Rodriguez က ထုတ်ဖော် ပြောကြားခဲ့သည်။
ပေကျင်း၊ မတ် ၂ ရက်(ဆင်ဟွာ) ပြီးခဲ့သည့်အပတ်က လူ (၇၉)ဦးသေဆုံးခဲ့ရသည့် အကျဥ်းထောင်အဓိကရုဏ်းဖြစ်ပွားမှုသည် ရည်ရွယ်ချက်ရှိရှိ စီစဉ်ထားသည် နိုင်ငံဖြတ်ကျော်ပြစ်မှုတစ်ခုဖြစ်ကြောင်း၊ အီကွေဒေါအကျဉ်းထောင်စနစ်အခြေအနေသည် အလွန်ဆိုးဝါးနေဆဲဖြစ် ကြောင်း အီကွေဒေါ အစိုးရအရာရှိတစ်ဦးက မတ် ၁ ရက်တွင် ပြောကြားခဲ့သည်။
ဗျူနိုအေးရိစ် ၊ မတ် ၂ ရက် (ဆင်ဟွာ) ဥရုဂွေးနိုင်ငံတွင် မတ်လ ၁ ရက်မှ စတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည့် လုပ်ငန်းအားစတင်ဆောင်ရွက်ခဲ့ပြီး နိုင်ငံသို့ ပထမအသုတ် ရောက်ရှိလာသည့် တရုတ်နိုင်ငံ Sinovac ကုမ္ပဏီ ထုတ် COVID-19 ရောဂါ...
ဗျူနိုအေးရိစ် ၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ဥရုဂွေးနိုင်ငံသမ္မတ Luis Lacalle Pou က ဖေဖော်ဝါရီ ၂၆ ရက်၌ ဥရုဂွေးနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ဝမ်ကန်း နှင့် သမ္မတအိမ်တော်၌ တွေ့ဆုံရာတွင် တရုတ်နိုင်ငံ၏ COVID-19 ရောဂါကာကွယ်ဆေးနှင့်ပတ်သက်၍ ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
ကွီတို၊ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ) အီကွေဒေါနိုင်ငံရှိ အကျဉ်းထောင်သုံးခုတွင် ဖေဖော်ဝါရီ ၂၃ ရက်က ပြိုင်ဘက် ဂိုဏ်းအုပ်စုဝင်များအကြား အပြန်အလှန် ပဋိပက္ခဖြစ်ပွားရာမှ ထောင်ဆူမှုဖြစ်ပြီး အနည်းဆုံး အကျဉ်းသား ၆၇ ဦးသေဆုံးသွားကြောင်း လူငယ်ပြန်လည်ပြုပြင်ရေးဆိုင်ရာ ဘက်စုံစောင့်ရှောက်ရေးဌာနညွှန်ကြားရေးမှူး Edmundo Moncayo က ကွီတိုမြို့အစိုးရအိမ်တော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဘိုဂိုတာ ၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး ကိုလံဘီယာနိုင်ငံ ကျန်းမာရေး နှင့် ပြည်သူ့ရေးရာ ဝန်ကြီးဌာနက ဇန်နဝါရီ ၃၀ ရက်၌ ပြောကြားရာတွင် နိုင်ငံအတွင်း ပထမဦးဆုံးသော ဘရာဇီးနိုင်ငံ၌ တွေ့ရှိခဲ့သည့် ဗီဇပြောင်းလဲ COVID-19 ရောဂါပိုး ကူးစက်ခံရသူ တစ်ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း...
ဘရာဇီးလီယား၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ဘရာဇီးနိုင်ငံ အစိုးရသည် ရောဂါဖြစ်ပွားမှုအများဆုံးပြည်နယ်ဖြစ်သည့် အမေဇုံနက်စ်မှ COVID-19 လူနာ ၁,၅၀၀ ဦးကို ဆေးကုသရန်အတွက် အခြားသောပြည်နယ်များသို့ လေကြောင်းဖြင့် ပို့ဆောင်ပေးရန် ရည်ရွယ်ထားကြောင်း ကျန်းမာရေးဝန်ကြီး Eduardo Pazuello က ဇန်နဝါရီ...