Connect with us

North America

တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ရှင်းလင်းရေးလှုပ်ရှားမှု ရွှေ့ဆိုင်းဆောင်ရွက်သွားမည်ဟု ထရမ့် ဆို

အမေရိကန်-မက္ကဆီကို နယ်စပ်အနီးရှိ တရားမ၀င်ရွှေ့ပြောင်းနေထိုင်သူများအား တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇွန် ၂၄ ရက်(ဆင်ဟွာ)

တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ရှင်းလင်းရေးလှုပ်ရှားမှုကို မူလသတ်မှတ်ထားသည့် ဇွန် ၂၃ ရက်မှ နောက်ထပ်နှစ်ပတ် ရက်ရွှေ့ဆိုင်းလိုက်ကြောင်း အမေရိကန် သမ္မတ ထရမ့်က ဇွန် ၂၂ ရက်တွင် ပြောကြား ခဲ့သည်။ ထိုသို့ဆောင်ရွက်ခြင်းမှာ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူအရေးကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရန် ရီပတ်ဗလစ်ကန်ပါတီနှင့် ဒီမိုကရက်တစ်ပါတီကို အချိန်ပိုပေးလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

အမေရိကန်နိုင်ငံ တောင်ပိုင်း နယ်စပ် ရွှေ့ပြောင်းနေထိုင်သူအရေးကို နှစ်ဖက်စလုံးက ပူးပေါင်းပြီး မဖြေရှင်းနိုင်ပါက သက်ဆိုင်ရာ ဌာနများမှ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို ပြန်လည်ပို့ဆောင် ရန် စတင်ဆောင်ရွက်တော့မည်ဖြစ်ကြောင်း ထရမ့်က ဆိုသည်။အမေရိကန် အမိမြေလုံခြုံရေးဌာန (DHS)လက်အောက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်အကောက်ခွန် ရေးရာဌာန(ICE) သည် မူလက ဇွန် ၂၃ ရက်တွင်စတင်၍ အမေရိကန်နိုင်ငံရှိ မြို့၁၀ မြို့တွင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများ ရှင်းလင်းရေးလှုပ်ရှားမှုအား လုပ်ဆောင်ရန် စီစဉ်ထားရာ ယင်းကိစ္စမှာ အမေရိကန်ပြည်တွင်းလူအများ၏အာရုံစိုက်မှုကို ခံနေရကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117