Connect with us

North America

အမေရိကန် နိုင်ငံ Tennessee ပြည်နယ် တွင် သေနတ် ပစ်ခတ်မှု ဖြစ်ပွား လူ ၄ ဦး သေဆုံး ၊ ၃ ဦး ဒဏ်ရာရရှိ

၂၀၁၇ ခုနှစ် စက်တင်ဘာလ တွင် Tennessee ပြည်နယ် ၌ ဖြစ်ပွား ခဲ့သော သေနတ် ပစ်ခတ်မှု အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ အလယ်ပိုင်း Tennessee ပြည်နယ် တွင် ဧပြီလ ၂၂ ရက်နေ့ က သေနတ် ပစ်ခတ်မှု ဖြစ်ပွား ခဲ့ရာ လူ ၄ ဦး သေဆုံး ခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကာ လက်ရှိချိန်တွင် ရဲတပ်ဖွဲ့ က သေနတ် ပစ်ခတ်သူ အား ရှာဖွေဖမ်းဆီး နေကြောင်း သိရှိရသည်။

Tennessee ပြည်နယ် ရဲတပ်ဖွဲ့ ၏ ထုတ်ပြန်ချက်တွင် သေနတ် ပစ်ခတ်သူသည် ဧပြီလ ၂၂ ရက်နေ့၌ ဒေသတွင်းရှိ ဟိုတယ် တစ်ခု ရှေ့တွင် လူ ၂ ဦးအား ဦးစွာ ပစ်ခတ်ခဲ့ပြီး ဟိုတယ် အတွင်းသို့ ဝင်ရောက်ကာ ပစ်ခတ်မှုများ ဆက်လက် ဆောင်ရွက်ခဲ့ကြောင်း ၊ ဟိုတယ် အတွင်း ပစ်ခတ်မှု ဆောင်ရွက်နေစဉ် ဧည့်သည် တစ်ဦး က သေနတ်ပစ်ခတ်သူ ၏ သေနတ် ကို လုယူ နိုင်ခဲ့ရာ ပစ်ခတ်သူ က ထွက်ပြေးသွား ခဲ့ကြောင်း ဖော်ပြထားသည်။

ရဲတပ်ဖွဲ့ က သေနတ်ပစ်ခတ်မှု တွင် သံသယ ရှိသူ မှာ အသက် ၂၉ နှစ် အရွယ် အမျိုးသား Travis Reinking ဟု သတ်မှတ်ထားပြီး ရှာဖွေဖမ်းဆီးရေး များဆောင်ရွက်နေကြောင်း ၊ ထို့ပြင် ရဲတပ်ဖွဲ့ က သေနတ် ပစ်ခတ်သူ ထံတွင် အခြား လက်နက် ကျန်ရှိနေနိုင်သေးသဖြင့် ပြည်သူလူထု များအား သတိရှိစွာနေထိုင်ကြရန် ကြေညာချက် ထုတ်ပြန်ထားသည်။Travis Reinking အနေဖြင့် ၂၀၁၇ ခုနှစ် ဇူလိုင်လ တွင် အိမ်ဖြူတော် အား တရားမဝင် ဝင်ရောက် ခဲ့သဖြင့် အထူးရဲတပ်ဖွဲ့ ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသော်လည်း လူမှုရေးဝန်ဆောင်မှု လုပ်ငန်းများသာ ဆောင်ရွက်ခဲ့ရပြီး အခြား ပြစ်ဒဏ်မကျခံခဲ့ရကြောင်း သိရှိရသည်။(Xinhua)