Connect with us

North America

ချီကာဂို၌ ခရစ်စမတ်အားလပ်ရက်တွင် သေနတ်ပစ်ခတ်မှုများကြောင့် လူ ၁၁ဦး ဒဏ်ရာရရှိ

ချီကာဂိုတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားရာနေရာ၌ လုံခြုံရေးဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ချီကာဂို၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ချီကာဂိုမြို့ ၌ ခရစ်စမတ်အားလပ်ရက်၏ ပထမဆုံး ၁၄နာရီအတွင်း သေနတ်ပစ်ခတ်မှုများ ကြောင့် လူ ၁၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သေနတ်ပစ်ခတ်မှုများအနက် နောက်ဆုံးဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုတစ်ခုမှာ ဒီဇင်ဘာ ၂၃ ရက် နေ့လည် ၁၂း၅၀နာရီတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး North West Side ဒေသ၌ မော်တော်ယာဉ်တစ်စီးပေါ်တွင် ထိုင်နေသည့် အသက် ၂၁နှစ်အရွယ် အမျိုးသားတစ်ဦးအား လမ်းလျှောက်လာသည့် အမည်မသိလူတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ပြီးနောက် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ယင်းအမျိုးသား၏ ဘယ်ဘက်ပေါင်တွင် ကျည်ဆန်ထိမှန်ခဲ့ပြီး Illinois Masonic ဆေးကုသရေးစင်တာသို့ ပို့ဆောင်ပေးခဲ့ကာ ယခုအခါအခြေအနေတည်ငြိမ်လာပြီဖြစ်ကြောင်း ချီကာဂိုရဲတပ်ဖွဲ့၏ ပြောကြားချက်ကို ကိုးကား၍ ချီကာဂို ဆန်း-တိုင်းမ် ကဖော်ပြခဲ့သည်။၂၀၁၆ခုနှစ်တွင်လည်း အလားတူ အားလပ်ရက်များ၌ လူ ၅၉ဦး သေနတ်ဖြင့် အပစ်ခံရပြီး ၁၁ဦးသေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117