Connect with us

North America

ဇီကာဗိုင်းရပ်စ် တိုက်ဖျက်ရေး အရေးပေါ် ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၁.၈ ဘီလီယံ အိုဘားမား အဆိုပြု

မွေးရာပါ ဦးခေါင်းသေးရောဂါ ဖြစ်ပွားနေသော ကလေးငယ် တစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရီင်တန်၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)

ဇီကာဗိုင်းရပ်စ် တိုက်ဖျက်ရာတွင် အကူအညီ ဖြစ်ရန် အရေးပေါ် ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၁.၈ ဘီလီယံကျော် ခွင့်ပြုရန် အဆိုပြု လွှာအား အမေရိကန် သမ္မတ ဘားရတ် အိုဘားမားက လွှတ်တော်ထံက တောင်းဆို လိုက်ကြောင်း ဖေဖော်ဝါရီလ ၈ ရက်က အိမ်ဖြူတော်က ပြောကြားလိုက်သည်။

ယင်း အဆိုပြုလွှာအား အိုဘားမား ၏ ၂၀၁၇ ခုနှစ် ဘတ်ဂျက်၏ အစိတ်အပိုင်း တစ်ခုအဖြစ် တင်သွင်ခြင်း ဖြစ်ကြောင်း နှင့် ထိုဘတ်ဂျက်ကို ခြင်ကတဆင့် ဇီကာဗိုင်းရပ်စ် လျင်မြန်စွာ ပျံ့နှံ့မှုအား ထိန်းချုပ်ရန် အစီအစဉ်၊ ကာ ကွယ်ဆေး သုတေသန အရှိန်မြှင့်တင်ရေးနှင့် ရောဂါရှာဖွေဖော်ထုတ်မှု တိုးတက်ရေး၊ ကာကွယ်ဆေးနှင့် ရောဂါ ရှာဖွေဖော်ထုတ်မှုများ၏ စမ်းသပ်မှုအား အထောက်အကူ ဖြစ်စေရေး စသည်တို့၌ ထောက်ပံ့ပေးနိုင်ရန် ဖြစ်သည်။

အဆိုပါ ရန်ပုံငွေဖြင့် ကျန်းမာရေး စောင့်ရှောက်မှုများ၊ ကိုယ်ဝန်ဆောင်နှင့် ခင်ပွန်းသည်များကို ကျန်းမာရေး အသိပညာပေးရန်၊ ကူးစက်ရောဂါ ပြန့်ပွားခြင်းနှင့် ကာကွယ်ခြင်း ပညာရပ် တိုးတက်ရေး၊ ဓာတ်ခွဲခန်းနှင့် ရောဂါ ရှာဖွေ စမ်းသပ်မှု စွမ်းရည် ချဲ့ထွင်နိုင်ရေး၊ ကျန်းမာရေး ဝန်ဆောင်မှု တိုးမြင့်ရေးနှင့် ဝင်ငွေနည်း ကိုယ်ဝန် ဆောင်သည်များအား ထောက်ပံ့ပေးရန်၊ ဇီကာဗိုင်းရပ်စ် ဖြစ်ပွားသည့် နိုင်ငံများ၏ ခြင်တိုက်ဖျက်ရေးနှင့် ကူးစက် မှုနှုန်းအား ထိန်းချုပ်ရေး စွမ်းရည်တိုးမြှင့်ရန် စသည့်နေရာများ၌ သုံးစွဲသွားမည်ဟု သိရသည်။

အီဘိုလာ ရောဂါနှင့် မတူညီသည့် အချက်မှာ ဇီကာရောဂါက လူသေဆုံးမှု မဖြစ်စေနိုင်ကြောင်း၊ ကူးစက်ခံရမှန်း မသိဘဲနှင့် လူများစွာ ကူးစက်ခံရနိုင်ခြေရှိကြောင်းနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးနှင့် ကိုယ်ဝန်ဆောင်ရန် စဉ်းစားနေသည့် အမျိုးသမီးများ အတွက်မူ အရေးကြီးသည့် အန္တရာယ် ဖြစ်နိုင်ခြေ အချို့ရှိကြောင်း သမ္မတ အိုဘားမားက ပြောသည်။

ဖျားနာခြင်းကို ဖြစ်စေသည့် ဇီကာဗိုင်းရပ်စ်နှင့် ဘရာဇီးနိုင်ငံတွင် မွေးရာပါ ဦးခေါင်းသေးရောဂါ ဖြစ်ပွားနေသည့် မွေးကင်စကလေး ၄,၀၀၀ တို့မှာ သံသယရှိဖွယ် ဆက်စပ်လျက် ရှိနေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.