Connect with us

North America

အမေရိကန် အရှေ့ဘက်ခြမ်းသို့ အင်အားပြင်းထန်သော နှင်းမုန်တိုင်းကြီး ဝင်ရောက် တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့


ဝါရှင်တန်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)

ထုထည်ကြီးမားလှသည့် နှင်းမုန်တိုင်းကြီးသည် အမေရိကန် အရှေ့ဘက်ခြမ်းသို့ အပြင်းအထန် ဝင်ရောက် တိုက်ခတ်ခဲ့ပြီး အရှေ့ဘက်ခြမ်းတလျှောက်ရှိ မြို့များ၏ လုပ်ငန်းဆောင်ရွက်မှုများ အားလုံး ရပ်တန့်ခဲ့ရသလို လူပေါင်း အနည်းဆုံး ၁၂ ဦးသေဆုံးခဲ့ပြီး နှင်းထုများမှာလည်း လမ်းများနှင့် လေဆိပ်များ၌ သောင်တင်နေခဲ့ ကြောင်း သိရသည်။

ဒေသခံ မိုးလေဝသ ဝန်ဆောင်မှုလုပ်ငန်း အရ အန္တရာယ်ရှိသော နှင်းမုန်တိုင်း Jonas သည် ဇန်နဝါရီလ ၂၃ ရက်က အမေရိကန် အရှေ့ပိုင်းဒေသတလျှောက် ဝင်ရောက် တိုက်ခတ်ခဲ့သည်။ မုန်တိုင်းတိုက်ခတ်နေစဉ် လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၁၂ ကီလိုမီတာ ရှိခဲ့ကြောင်း သိရသည်။

အမေရိကန်ရှိ ပြည်နယ် ၁၁ ခု၏ အစိုးရများက ဆီးနှင်းများ ကျဆင်းခြင်း၊ လေပြင်း တိုက်ခတ်ခြင်းနှင့် ကမ်းရိုးတန်းဒေသများတွင် ရေလွှမ်းမိုးခြင်း များကြောင့် ၎င်းပြည်နယ်များ၌ အရေးပေါ်အဆင့် ကြေညာခဲ့ သည်။

ဝါရှင်တန်မြို့၌လည်း ဇန်နဝါရီလ ၂၃ ရက် ဒေသစံတော်ချိန် နံနက် ၁၀း၀၀ နာရီ အချိန်တွင်ပင် နှင်းထုမှာ ၁၃ လက်မ သို့မဟုတ် ၃၃ စင်တီမီတာ ရှိနေကြောင်း ကိုလံဘီယာ ခရိုင်မြို့တော်ဝန် Murial Bowser က သတင်း စာရှင်းလင်းပွဲ၌ ပြောသည်။

ဝါရှင်တန်ဒီစီ၌ လူသေဆုံးမှု စာရင်း တင်ပြထားခြင်း မရှိသေးကြောင်း ဒေသခံရဲ တပ်ဖွဲ့က ပြောကြားထားသော် လည်း မုန်တိုင်း ဖြတ်သန်းသွားရာ လမ်းကြောင်းရှိ ပြည်နယ်အချို့တွင် ဆိုးဝါးလှသည့် ရာသီဥတုတွင် လမ်းပေါ် ၌ မတော်တဆဖြစ်မှုကြောင့် အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

နယူးယောက်စီတီးတွင် နှင်းထုကြီး ဖုံးလွှမ်းနေစဉ် (ဆင်ဟွာ)

အဆိုပါ မုန်တိုင်းသည် ဝါရှင်တန်ဒီစီ၊ မေရီလန်းနှင့် ဒဲလ်ဝဲလ် စသည့် ပြည်နယ်များအား ဖြတ်သွားခဲ့ပြီး နယူး ယောက်၊ ကော်နက်တီကတ်၊ ရို့ဒ်ကျွန်းနှင့် မက်ဆာချူးဆက် ပြည်နယ် အရှေ့တောင်ဘက်သို့ ဦးတည်နေ ကြောင်း အမျိုးသား ရသီဥတု ဝန်ဆောင်မှုလုပ်ငန်းက ကြေညာထားသည်။
နယူးယောက် ပြည်နယ် အုပ်ချုပ်ရေးမှူး Andrew Cuomo က ဇန်နဝါရီလ ၂၃ ရက် ဒေသစံတော်ချိန် နေ့လည် ၂း၃၀ နာရီအထိ အရေးပေါ်ယာဉ်များ အပါအဝင် ခရီးသွားလာခွင့်အားလုံး တားမြစ်ထားသည်။

နယူးယောက်စီးတီး မြို့တော်ဝန် Bill de Blasio ကလည်း Broadway ကဇာတ်ရုံနှင့် စားသောက်ဆိုင်များ အားလုံးကို ရုတ်တရက် ပိတ်သိမ်းလိုက်ကြောင်း သတင်းစာရှင်းလင်းပွဲ၌ ပြောကြာခဲ့သည်။
ယခုမုန်တိုင်းသည် နယူးယောက် သမိုင်းတလျှောက်တွင် အဆိုးဝါးဆုံး မုန်တိုင်းဖြစ်ပြီး ဇန်နဝါရီလ ၂၄ ရက် အထိ ဆက်လက်တိုက်ခတ်နိုင်ကာ မြို့ထဲ၌ နှင်းထု ပမာဏ ၃၀ လက်မ (၇၆ စင်တီမီတာ) ခန့်အထိ ရှိနိုင် ကြောင်း မြို့တော်ဝန် Bill de Blasio ကပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.