Connect with us

North America

လင့်ခ်ကင်းပါ့ခ်၏ ဦးဆောင်အဆိုတော် ကွယ်လွန်ပြီးနောက် မြောက်အမေရိကန် ဖျော်ဖြေရေး ခရီးစဉ် ပယ်ဖျက်ခဲ့ရ


လော့စ်အိန်ဂျလိစ်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

အမေရိကန် ရော့ခ်တီးဝိုင်း တစ်ခုဖြစ်သော လင့်ခ်ကင်းပါ့ခ် (Linkin Park) က ၎င်းတို့၏ ဦးဆောင် အဆိုတော် ချက်စတာ ဘန်နင်တန် (Chester Benning ton) ကွယ်လွန်ပြီးနောက် ယင်း၏ မြောက်အမေရိကန် ဖျော်ဖြေပွဲ ခရီးစဉ်အား ဇူလိုင်လ ၂၁ ရက်က ပယ်ဖျက်လိုက်ကြောင်း သိရသည်။

“ချက်စတာ ဘန်နင်တန် ကွယ်လွန်ကြောင်း ကြားရတဲ့အတွက် ကျွန်တော်တို့ ဖော်မပြနိုင် ဝမ်းနည်းရပါတယ်” ဟု ဖျော်ဖြေရေး ခရီးစဉ် မြှင့်တင်ရေး စီစဉ်သူ Live Nation Entertainment က သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

“လင့်ခ်ကင်းပါ့ခ်ရဲ့ One More Light North America Tour အစီအစဉ်ကို ပယ်ဖျက်လိုက်ပါတယ်။ လက်မှတ် ဝယ်ယူထားသူတွေကို ငွေပြန်အမ်းပေးပါမယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၁၅ ခုနှစ်က တရုတ်နိုင်ငံ ပေကျင်းတွင် လာရောက် ဖျော်ဖြေနေသည့် လင့်ခ်ကင်းပါ့ခ် တီးဝိုင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ဘန်နင်တန်သည် ဇူလိုင်လ ၂၀ ရက်က လော့စ်အိန်ဂျလိစ်ရှိ နေအိမ်တွင်ပင် မိမိကိုယ်ကို အဆုံးစီရင်ခဲ့သည်။ အသက် ၄၁ နှစ်အရွယ် ဘန်နင်တန်သည် မူးယစ်ဆေးဝါးနှင့် အရက်စွဲနေသူ တစ်ဦးလည်း ဖြစ်သည်။

ဘန်နင်တန်အား ၎င်း၏ Verdes Estates နေအိမ် အိပ်ခန်းအတွင်း၌ ကြိုးဆွဲချလျက်အနေအထားနှင့် တွေ့ရှိခဲ့ပြီး တစ်ဝက်တစ်ပျက် ကျန်ရှိသည့် အရက်ပုလင်း တစ်လုံးကိုလည်း အခန်းအတွင်း တွေ့ရှိခဲ့ရကြောင်း လော့စ်အိန်ဂျလ်စ် ဆေးဘက်ဆိုင်ရာ သေမှုသေခင်း စုံစမ်းစစ်ဆေးရေးဋ္ဌာ် ပြောခွင့်ရပုဂ္ဂိုလ် အတ်ဝင်းတား (Ed Winter) က ပြောသည်။

လင့်ခ်ကင်းပါ့ခ်အဖွဲ့သည့် ၁၉၉၆ ခုနှစ်တွင် ကယ်လီဖိုးနီးယား၌ စတင်ပေါ်ပေါက်လာခဲ့ပြီး Hybrid Theory အယ်လ်ဘမ်ဖြင့် ၂၀၀၀ ခုနှစ်တွင် အောင်မြင်ကျော်ကြားလာသလို တီးဝိုင်း၏ ဦးဆောင် အဆိုတော်မှာ ဘန်နင်တန် ဖြစ်သည်။

ကမ္ဘာတစ်ဝန်း အယ်လ်ဘမ်ပေါင်း သန်း ၇၀ ကျော် ရောင်းချခဲ့ရသလို ယခုနှစ် နွေရာသီနှင့် ဆောင်းဦးရာသီတွင် မြောက်အမေရိက ဖျော်ဖြေရေး ခရီးစဉ် သွားရောက်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.