Connect with us

North America

အမေရိကန် နိုင်ငံ သမ္မတ က မြောက်ကိုရီးယား နျူကလီးယား အရေး ကို သံတမန်ရေး နည်းလမ်းဖြင့် ဖြေရှင်းလိုကြောင်း ပြောကြား

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန် ၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Tillerson က အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် အနေဖြင့် မြောက်ကိုရီးယား နျူးကလီးယား အရေး ကို သံတမန်ရေး နည်းလမ်းဖြင့် ဖြေရှင်းလိုကြောင်း အောက်တိုဘာ ၁၅ ရက်နေ့က ပြောကြား ခဲ့သည်။

Tillerson က သတင်းမီဒီယာ ၏ တွေ့ဆုံမေးမြန်းမှု ကို ဖြေကြားခဲ့စဉ်တွင် ဒေါ်နယ်ထရမ့် အနေဖြင့် စစ်ရေးဆောင်ရွက်မှု မပြုလုပ်ဘဲ မြောက်ကိုရီးယား နျူကလီးယား အရေး ကို ဖြေရှင်းနိုင်မည့် နည်းလမ်း ကိုရှာဖွေနေပြီး ၎င်းအနေဖြင့် သံတမန်ရေး နည်းလမ်းဖြင့် ဖြေရှင်းပုံ ကို ထောက်ခံအားပေးကြောင်း ပြောကြား ခဲ့သည်။

မြောက်ကိုရီးယား နိုင်ငံ သည် နိုင်ငံတကာ အတိုင်းအဝိုင်း၏ ဆန့်ကျင်မှု ကို လျစ်လျူရှု ပြီး စက်တင်ဘာ ၃ ရက်နေ့၌ နျူကလီးယား စမ်းသပ်မှု ကို ထပ်မံ ပြုလုပ်ခဲ့သည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ က စက်တင်ဘာ ၁၁ ရက်နေ့၌ ထောက်ခံမဲ အပြည့်ဖြင့် မြောက်ကိုရီးယား နိုင်ငံ အပေါ် ပိတ်ဆို့အရေးယူမှု အသစ် ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ပြီး ကိုရီးယား ကျွန်းဆွယ်အရေးအား သံတမန်ရေး နှင့် နိုင်ငံရေး နည်းလမ်းတို့ဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းရန် တိုက်တွန်းခဲ့သည်။

အောက်တိုဘာ ၁၀ ရက်နေ့တွင် အမေရိကန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ က မြောက်ကိုရီးယား နျူကလီးယား အရေး ဖြေရှင်းရန် အတွက် သံတမန်ရေး နည်းလမ်း သည် ဦးစားပေး ဖြေရှင်းမှု ပုံစံ ဖြစ်သော်လည်း စစ်ရေးဆောင်ရွက်မှု ဖြင့် ဖြေရှင်းခြင်းသည်လည်း အမေရိကန် နိုင်ငံ ၏ အရံရွေးချယ်မှု နည်းလမ်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117