Connect with us

North America

ကနေဒါ စာသင်ကျောင်း သေနတ်ပစ်ခတ်မှု အတွင်း ၅ ဦး သေဆုံးပြီး သံသယရှိသူအား ထိန်းသိမ်းထား

ကနေဒါ ဝန်ကြီးချုပ် Justin Trudeau အား အခမ်းအနား တစ်ခု၌ တွေ့ရစဉ် (ဆင်ဟွာ)

ဗန်ကူးဗား၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

ကနေဒါနိုင်ငံ အနောက်ဖက် Saskatchewan ပြည်နယ် တွင် ဇန်နဝါရီလ ၂၂ရက်က ဖြစ်ပွားခဲ့သည့် ကနေဒါ စာသင်ကျောင်း တစ်ခုအတွင်း သေနတ် ပစ်ခတ်မှု တစ်ရပ်၌ လူ ငါးဦး သေဆုံးခဲ့ပြီး နှစ်ဦးမှာ ပြင်းထန်စွာ ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ကနေဒါ ဝန်ကြီးချုပ် Justin Trudeau က ပြောကြားခဲ့သည်။

Saskatchewan ပြည်နယ် မြောက်ပိုင်း Saskatoon မြို့မှ ကီလိုမီတာ ၆၀၀ အကွာရှိ La Loche ကျေးရွာတွင် သေနတ် ပစ်ခတ်မှု ဖြစ်ပွား ပြီးနောက် သံသယရှိသူ တစ်ယောက်အား ထိန်းသိမ်း ထားကြောင်း သိရသည်။

ဒေသခံ ရဲတပ်ဖွဲ့က အခင်း ဖြစ်ပွားရာ နေရာအား ဇန်နဝါရီလ ၂၂ ရက် နေ့လည်ပိုင်းတွင် ပိတ်ထားခဲ့ပြီး ပြည်သူများအား ကျောင်းပတ်ဝန်းကျင် အနီးတွင် နေထိုင် သွားလာခြင်း မပြုရန် တိုက်တွန်းထားကြောင်း သိရသည်။

La Loche Community ကျောင်းသည် မူကြို မှ ၁၂ တန်းအထိ သင်ကြားပေးသည့် ကျောင်းဖြစ်ပြီး အဆောက်အအုံ ၂ ခုရှိကာ ကျောင်းသားပေါင်း ၉၀၀ နီးပါး ရှိသည်ဟု ကျောင်း၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။

ရဲတပ်ဖွဲ့က ပဏာမ စုံစမ်း စစ်ဆေးရေး လုပ်ငန်းများအား စတင် ဆောင်ရွက်နေပြီ ဖြစ်ပြီး အသေးစိတ် အချက်အလက်များကို နောက်ပိုင်းတွင် ထုတ်ပြန် ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117