ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ဧရာ၀တီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ရန်ကုန်-ပုသိမ်ကားလမ်းမိုင်တိုင်(၅၈/၅-၆)ကြား အောက်တိုဘာ ၈ရက်တွင် ယာဉ် ၃ စီး တိုက်မိပြီး လူ၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ပေကျင်း၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ကမာ္ဘ့အကြီးဆုံး ဉယျာဉ်စိုက်ပျိုးမှုအတတ်ပညာပြပွဲဖြစ်သော ပေကျင်း နိုင်ငံတကာ ဉယျာဉ်စိုက်ပျိုးမှုအတတ်ပညာပြပွဲအား ရက်ပေါင်း ၁၆၂ ရက် ကျင်းပခဲ့ပြီးနောက် အောက်တိုဘာ ၉ ရက်တွင် ပိတ်ပွဲပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
လန်ဒန်၊ အောက်တိုဘာလ ၉ ရက်(ဆင်ဟွာ) ဗြိတိန်ဝန်ကြီးချုပ် ဘိုးရစ်ဂျွန်ဆင် က ဥရောပသမဂ္ဂ ၏သဘောတူညီချက်မရရှိဘဲ ဗြိတိန်နိုင်ငံ ဥရောပသမဂ္ဂ မှနုတ်ထွက်ရေးကို ရှောင်ရှားနိုင်ရန်အတွက်နောက်ဆုံးကြိုးပမ်းမှုတစ်ရပ်အဖြစ်ယခု ရက်သတ္တပတ်ကုန်ပိုင်းတွင် အိုင်ယာလန်ဝန်ကြီးချုပ် လီယို ဗာရတ်ကာ(Leo Varadkar) နှင့် တွေ့ဆုံဆွေးနွေးမှုပြုသွားမည်ဟု ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာလ ၈ ရက် တွင်ပြောကြားခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၉ ရက်(ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံရှေးဟောင်း သုတေသနပြတိုက်သို့ ၂၀၁၈ – ၂၀၁၉ ခုနှစ် တစ်နှစ်အတွင်း ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် ၂၉၅,၂၈၄ ဦး ဝင်ရောက်ခဲ့ကြောင်း ပြည်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဘန်ကောက်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံက ဒေသတွင်း ဘက်စုံ စီးပွားရေး မိတ်ဖက်ဆက်ဆံရေး (RCEP) ဝန်ကြီးအဆင့် အစည်းအဝေးအား အောက်တိုဘာ ၁၂ ရက်တွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၈ ရက်၌ ပြောကြားခဲ့သည်။