ဂျနီဗာ၊ မတ် ၆ ရက် (ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် မိတ်ဖက်အဖွဲ့များမှ ပူးတွဲအကောင်အထည်ဖော်ထားသော နိုင်ငံတကာ ကာကွယ်ဆေးကမ်ပိန်း COVAX က နိုင်ငံပေါင်း ၂၀ ထံ COVID-19 ကာကွယ်ဆေး သန်း ၂၀ ကျော် ပေးပို့ခဲ့ပြီးဖြစ်ကြောင်း WHO အကြီးအကဲက မတ်...
ဒါအိစ်ဆာလာမ် ၊ မတ် ၄ ရက် (ဆင်ဟွာ) အာဖရိကတိုက် ကူးစက်ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးစင်တာ ၏ မတ်လ ၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သော စာရင်းပြုစုချက်အရ အာဖရိကတိုက်၌ COVID-19 ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃,၉၁၅,၃၀၄ ဦးရှိလာခဲ့ပြီး ရောဂါကြောင့်သေဆုံးခဲ့ရသူ စုစုပေါင်း ၁၀၄,၃၉၈ ဦးရှိကြောင်း ၊ ရောဂါမှပြန်လည်သက်သာလာသူ...
ဂျီနီဗာ၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ) အချို့ဝင်ငွေမြင့်မားသည့်နိုင်ငံများနှင့် ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်သောကုမ္ပဏီလုပ်ငန်းများအကြား ချုပ်ဆိုထားသည့် ကာကွယ်ဆေးဝယ်ယူရေး စာချုပ်များသည် WHOမှဦးဆောင်သည့် ကိုဗစ်ကာကွယ်ဆေးအစီအစဉ်(COVAX)ကို ထိခိုက်စေရာ အစီအစဉ်အရ ဝယ်ယူရမည့် ကာကွယ်ဆေးပမာဏ လျော့နည်းသွားစေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်က ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန်၊ဖေဖော်ဝါရီ ၁၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က အမေရိကန်နိုင်ငံအနေဖြင့် ယခုဖေဖော်ဝါရီလကုန်ပိုင်းတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) သို့ လက်ရှိတာဝန်ဝတ္တရား နှင့် အကဲဖြတ်ချင့်ချိန်တွက်ချက်မှုအရ ဒေါ်လာ သန်း ၂၀၀ ကျော် ငွေကြေး ထည့်ဝင်သွားရန် ရည်ရွယ်ထားကြောင်း ဖေဖော်ဝါရီ ၁၇ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ဝူဟန့်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကျွမ်းကျင်ပညာရှင်များသည် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် မူလအရင်းအမြစ်ကို ကမ္ဘာလုံးဆိုင်ရာ သိပ္ပံနည်းကျ သုတေသနပြုလေ့လာခြင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ဝူဟန့်မြို့တွင် ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုမှာ ပြီးစီးသွားပြီဖြစ်ကြောင်း WHO-တရုတ် ပူးတွဲသတင်းစာရှင်းလင်းပွဲအရ သိရသည်။
ဂျီနီဗာ၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ကမ္ဘာတစ်ဝန်း COVID-19 ရောဂါဖြစ်ပွားမှု အရေအတွက်မှာ ယခုရက်သတ္တပတ်အတွင်း သန်း ၁၀၀ အထိ ရောက်ရှိလာမည်ဟု မျှော်မှန်းထားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) Tedros Adhanom Ghebreyesus က ပြောကြားခဲ့သည်။
ဂျီနီဗာ ၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) ဘာသာပြန်-ခေါန်ရိန်အမေရိကန်နိုင်ငံက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အဖွဲ့ဝင်နိုင်ငံတစ်ခုအဖြစ် ဆက်လက်တည်ရှိမည့် ကတိပြုချက်ကို ကြိုဆိုကြောင်း WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က ဇန်နဝါရီ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
ဂျီနီဗာ၊ ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ကမ္ဘာတစ်ဝန်း ဒေသအသီးသီးတွင် ကာကွယ်ဆေးထိုးနှံမှုများ အသီးသီးဆောင်ရွက်လျက်ရှိရာ ကာကွယ်ဆေး ထုတ်လုပ်မှု၊ ပံ့ပိုးမှုနှင့် ထိုးနှံမှု အခက်အခဲပြဿနာအမျိုးမျိုးသည် အထူးအားရုံစိုက်စရာ ဖြစ်လာသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ကာကွယ်ဆေး မျှတစွာ ဝေမျှရန် အမြဲအလေးထားတိုက်တွန်းခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ဖွဲ့သည် တရုတ်နိုင်ငံသို့ ဇန်နဝါရီ ၁၄ ရက်က ရောက်ရှိခဲ့ပြီး ဝူဟန့်မြို့ရှိ ဟိုတယ်တစ်ခုတွင် စတင်၍ ကွာရန်တင်း (quarantine) ဝင်လျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ...
ဂျီနီဗာ၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဝန်ထမ်းများ အနေဖြင့် အလားအလာရှိသော အရေးပေါ်အသုံးပြုနိုင်မည့် ကာကွယ်ဆေး စာရင်းများအတွက် Sinovac နှင့် Sinopharm ကာကွယ်ဆေး ထုတ်လုပ်သော ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ်...