ပေကျင်း၊ မတ် ၂၅ ရက်(ဆင်ဟွာ) ဩစတြေးလျနိုင်ငံ ရှေ့ပိုင်းဒေသများတွင် ရက်ဆက် မိုးသည်းထန်စွာရွာသွန်းမှုဖြစ်ပွားခဲ့ရာ ဆစ်ဒနီမြို့တွင် ၂၃ ရက်က ရာသီဥတုပြန်လည်ကောင်းမွန်ခဲ့သည်။ ယင်းမြို့နေပြည်သူများကို ရေဘေးအပြီး သတိပေးအကြောင်းကြားစာများ ပေးပို့ခဲ့ရာတွင် ကမ္ဘာ့အဆိပ်အပြင်းဆုံး ပင့်ကူတစ်မျိုးဖြစ်သည့် Funnel-web Spiderများသည် နေအိမ်များထဲသို့ ဝင်လာနိုင်ကြောင်း ဆိုသည်။
ကန်ဘာရာ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် နော်ဝေနိုင်ငံတွင် ကာကွယ်ဆေးထိုးနှံမှုခံယူသူများ သေလုမျောပါးအခြေအနေများရှိခဲ့သော်လည်း သြစတြေးလျနိုင်ငံ၌ Pfizer ကာကွယ်ဆေးထိုးနှံခြင်းကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သြစတြေးလျ အစိုးရ၏ ကာကွယ်ဆေးဆိုင်ရာ အကြံပေးပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။
ဆစ်ဒနီ ၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) ဘာသာပြန်-ခေါန်ရိန် ဩစတြေးလျနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သည့် ဆစ်ဒနီမြို့တွင် COVID-19 ကူးစက်မှုဆက်လက်မြင့်တက်လာသဖြင့် နှာခေါင်းစည်းတပ်ဆင်ခြင်းကို မလုပ်မနေရအဖြစ် အမိန့်ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ကဘူးလ်၊ ဒီဇင်ဘာ ၄ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး သေဆုံးသွားသူ တာလီဘန်လက်နက်ကိုင်၏ ခြေထောက်အတုကို ဘီယာခွက်လုပ်သောက်နေသည့် ဩစတြေးလျ အထူးတပ်ဖွဲ့ဝင်တစ်ဦး၏ဓါတ်ပုံကို ဗြိတိန်၏ “The Guardian” ဩစတြေးလျ သတင်းစာက ဒီဇင်ဘာ ၁ ရက်တွင် ဖော်ပြခဲ့ရာ အာဖဂန်တွင် ပြုမူခဲ့သည့် ဩစတြေးလျစစ်တပ်၏ စက်ဆုပ်ဖွယ်အပြုအမူများကို ခိုင်ခိုင်မာမာ နောက်ထပ်တစ်ကြိမ်...
ဆစ်ဒနီ ၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ) ဩစတြေးလျနိုင်ငံရှိ တက္ကသိုလ်တစ်ခုသို့ သွားရောက်လည်ပတ်စဉ် ဝန်ကြီးချုပ် Scott Morrison ၏ ကားကို ဒုက္ခသည်အခွင့်အရေးများအပေါ် မကျေနပ်သည့် ဆန္ဒပြလူအုပ်ကြီးက ယနေ့ အောက်တိုဘာ ၁၂ ရက်တွင် မင်နီဖြင့် ဖျန်းပက်ခဲ့ကြောင်း သိရသည်။
ကန်ဘာရာ၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ) ဩစတြေးလျနိုင်ငံ ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုးသည် ဇွန်လ သုံးလပတ်တွင် ၇.၀ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အကြီးမားဆုံး သုံးလပတ်ကျဆင်းမှု မှတ်တမ်းဝင်သွားကြောင်း စက်တင်ဘာ ၂ ရက်တွင် ဩစတြေးလျနိုင်ငံ စာရင်းအင်းဗျူရို (ABS) က ထုတ်ပြန်သည့် စာရင်များအရ သိရသည်။
ကန်ဘာရာ၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ) နယူးဇီလန်နိုင်ငံ Christchurch မြို့ အကြမ်းဖက်သမား Brenton Harrison Tarrant အား ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခြင်းကို ကြိုဆိုကြောင်း ဩစတြေးလျနိုင်ငံ ဝန်ကြီးချုပ် Scott Morrison က ပြောကြားခဲ့သည်။
ဆစ်ဒနီ ၊ ဇွန် ၃ ရက်(ဆင်ဟွာ) အမေရိကန် နိုင်ငံ ဝါရှင်တန်ဒီစီ၌ ဇွန် ၂ ရက်က ဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲ တစ်ခုအတွင်း ဩစတြေးလျ နိုင်ငံသား သတင်းထောက်တစ်ဦး နှင့် ကင်မရာသမား တစ်ဦးအား အမေရိကန်ရဲတပ်ဖွဲ့ဝင်များက အကြမ်းဖက် ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့မှုအပေါ် စုံစမ်းစစ်ဆေးရန် ဩစတြေးလျ နိုင်ငံ...
ပေကျင်း၊ မေ ၂၀ ရက် (ဆင်ဟွာ) ဩစတြေးလျနိုင်ငံအနေဖြင့် COVID-19 နှင့်ပတ်သက်ပြီး နိုင်ငံရေးအရကြိုးကိုင်ခြယ်လှယ်ခြင်းများကို စွန့်လွှတ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်း၏ ကျယ်ပြန့်သော သဘောတူညီမှုအတိုင်း ပြန်သွားမည်ဆိုပါက တရုတ်နိုင်ငံက ကြိုဆိုမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် ကျောက်လိကျန်း က မေ ၁၈ ရက်တွင် ပြောကြားလိုက်သည်။
ကန်ဘာရာ၊ မတ် ၁၃ ရက် (ဆင်ဟွာ) ဩစတြေးလျနိုင်ငံ ပြည်ထဲရေးဝန်ကြီး ပီတာ ဒတ်တန် (Peter Dutton) တွင် COVID-19 ကူးစက်ခံရကြောင်း မတ် ၁၃ ရက် မွန်းလွဲပိုင်းတွင် ဆေးစစ်ချက်ရလဒ် အတည်ပြုထွက်ပေါ်လာခဲ့သည်။