Environment, Disasters & Accidents8 years ago
ဆွာချောင်း ရေကြီးရေလျှံမှုကြောင့် မျောပါသွားသည့် လူနေအိမ် ၁၆၁ လုံးအား အခမဲ့တည်ဆောက်ပေးမည်
ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဆွာချောင်းတမံပင်မရေပိုလွှဲ ကျိုးပေါက်မှုကြောင့် မျောပါသွားသည့် လူနေအိမ် ၁၆၁ လုံးအား မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ်မှ အခမဲ့တည်ဆောက်ပေးမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။