ကုလသမဂ္ဂ ၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး
အိန္ဒိယ ၊ အိုင်ယာလန် ၊ ကင်ညာ ၊ မက္ကဆီကို နှင့် နော်ဝေ စသည့် နိုင်ငံ ၅ နိုင်ငံ ၏ နိုင်ငံတော် အလံ လွှင့်ထူခြင်းအခမ်းအနား ကို ဇန်နဝါရီ ၄ ရက် တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ခန်းမဆောင်ရှေ့၌ ကျင်းပပြုလုပ်ခဲ့ပြီး ယင်းအခမ်းအနားသည် အဆိုပါ ၅ နိုင်ငံ အနေဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်ကျအဖွဲ့ဝင်နိုင်ငံများအဖြစ် စတင်တာဝန်ထမ်းဆောင်ခြင်းကို ကိုယ်စားပြုကြောင်း သိရသည်။