Connect with us

Agriculture

မြန်မာနိုင်ငံမှ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများ အတွက် နည်းပညာ လိုအပ်ချက်များ ရှိပါက Asia Farmer အစီအစဉ်တွင် အကူအညီ တောင်းခံနိုင်

စပါးစိုက်ပျိုးနေသော လယ်သမား တစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံမှ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ အတွက် နည်းပညာ လိုအပ်ချက်များ ရှိပါက WINR OCK International ဦးဆောင်၍ USAID Grantee ၏ ပံ့ပိုးမှုဖြင့် Asia Farmer (အာရှလယ်သမား) မှ လယ်သမား (မြန်မာ) အစီအစဉ်ကို ချမှတ်ထားပြီး အခမဲ့ ပံ့ပိုး ကူညီပေးသွားမည် ဖြစ်ကြောင်း WINR OCK International မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

မြန်မာနိုင်ငံရှိ တောင်သူလယ်သမားများအနေဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၌ဖြစ်စေ၊ မွေးမြူရေး လုပ်ငန်း၌ ဖြစ်စေ နည်းပညာ အခက်အခဲများရှိပါက Asia Farmer အစီအစဉ်တွင် အကူအညီများ တောင်းခံနိုင်ကြောင်း၊ ထိုသို့ အကူအညီများ တောင်းခံလာပါက Asia Farmer အစီအစဉ် အနေဖြင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ အတွက် လိုအပ်ချက်များကို ဦးစွာ ကွင်းဆင်း စစ်ဆေးသွားမည် ဖြစ်ပြီး လိုအပ်ချက်များ ရှိပါက အမေရိကန်မှ ပညာရှင်များ ကိုယ်တိုင်လာရောက်၍ နည်းပညာများ ပံ့ပိုး ကူညီပေးသွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံ အတွင်း၌ နည်းပညာနှင့် ပတ်သက်၍ အသိပညာများရှိရန် လိုအပ်လျက်ရှိပြီး အစားအစာပိုင်း အတွက် နည်းပညာများ ရရှိခြင်းဖြင့် ကောင်းမွန်သော ထုတ်လုပ်မှုပိုင်းများ ရရှိနိုင်မည် ဖြစ်သောကြောင့် ယင်းကဲ့သို့ နည်းပညာပံ့ပိုးမှု အစီအစဉ်ကို လုပ်ဆောင်စေခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် Asia Farmer အစီအစဉ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့၌ ကောင်းမွန်သော စိုက်ပျိုးရေး အလေ့အကျင့်ကောင်းများ ဖြစ်စေရန် ပံ့ပိုး လုပ်ဆောင်ပေးလျက် ရှိကြောင်း သိရသည်။

Asia Farmer တွင် နည်းပညာ ရယူလိုပါက အမှတ်(၉၀၂) ပန်းလှိုင်လမ်း ရွှေဂုံသူအိမ်ရာ Asia Farmer အစီအစဉ် မြန်မာရုံးခွဲ၌ နည်းပညာ အကူအညီများ ရယူနိုင်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117