လစ်ဗျား၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) လစ်ဗျားနိုင်ငံ Sirteမြို့တွင် IS စစ်သွေးကြွအဖွဲ့မှ လက်ဖြောင့်သေနတ်သမားတစ်ဦး၏ ချောင်းမြောင်း ပစ်ခတ်မှုကြောင့် နယ်သာလန်နိုင်ငံသား ပရော်ဖက်ရှင်နယ် ဓါတ်ပုံသတင်းထောက် သေဆုံးခဲ့ကြောင်း နယ်သာလန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန က အောက်တိုဘာ ၂ရက် ညတွင် အတည်ပြုခဲ့သည်။
မက်ဒရစ်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) စပိန်နိုင်ငံတောင်ပိုင်း Velez-Malaga မြို့ရှိ ကော်ဖီဆိုင်တစ်ခုတွင် အောက်တိုဘာ ၁ရက် ညက ဓါတ်ငွေ့ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဒဏ်ရာရရှိသူ ဦးရေသည် စုစုပေါင်း ၉၀ဦး အထိရှိလာကြောင်း အတည်ပြုခဲ့ပြီး ငါးဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။
ဘိုဂိုတာ ၊ အောက်တိုဘာ ၃ ရက်(ဆင်ဟွာ) ကိုလံဘီယာအစိုးရ နှင့် ကိုလံဘီယာတော်လှန်းရေးတပ်ဖွဲ့(FARC) တို့အကြား ငြိမ်းချမ်းရေး ကိစ္စကို လက်မခံနိုင်ကြောင်း အောက်တိုဘာလ ၂ ရက်က razor-thin အဖွဲ့မှ ဦးဆောင်ပြုလုပ်သော လူထုဆန္ဒခံယူပွဲတွင် ကိုလံဘီယာပြည်သူများက ကန့်ကွက်မဲပေးခဲ့ကြသည်။
မနီလာ ၊ အောက်တိုဘာ ၃ ရက်(ဆင်ဟွာ) ဂျူးလူမျိုးသန်းပေါင်းများစွာအား အဒေါ့ဟစ်တလာက သုတ်သင်သတ်ဖြတ်ခဲ့သည့် နည်းတူ ဖိလစ်ပိုင်နိုင်ငံအတွင်းရှိ မူးယစ်ဆေးစွဲနေသူများအား သုတ်သင်သတ်ဖြတ်ခဲ့သည်ကို ပျော်ရွှင်ကျေနပ်မိကြောင်း မှတ်ချက်စကားပြောကြားခဲ့သည့် ဖိလစ်ပိုင်သမ္မတ ဒူတာတေးသည် ၎င်း၏ မှတ်ချက်စကားအတွက် ဂျူးအသိုင်းအဝိုင်းအား အောက်တိုဘာလ ၂ ရက်က ပြန်လည်တောင်းပန်ခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ အောက်တိုဘာ ၃ ရက်(ဆင်ဟွာ) နိုင်ငံတော်သမ္မတ၏ သီးသန့် ရန်ပုံငွေမှ မုံရွာမြို့ ကြက်မွေးမြူရေးဇုန်တွင် ကြက်ငှက်တုပ်ကွေးရောဂါကြောင့် ဆုံးရှုံးနစ်နာခဲ့ရသည့် ကြက်ခြံပိုင်ရှင်များ အတွက် ငွေကျပ် ၆၆၂၉၂၂၃၉ဝ ကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီး ဌာန၏ ဖော်ပြချက် အရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) အိမ်ထောင်မပြုမနေရဥပဒေသစ် လွှတ်တော်တွင်ဆွေးနွေး ဟုသည့် အင်တာနက်တွင် ပျံ့ နှံ့နေသည့် သတင်းသည် မှန်ကန်မှုမရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်တချို့က ဆင်ဟွာသို့ပြောသည်။
ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) လွန်ခဲ့သည့် ၂၄ နာရီခန့်က အနောက်တောင်မုတ်သုံလေသည် ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်း နှင့် မြစ်ဝကျွန်းပေါ်ဒေသများမှ ဆုတ်ခွာခဲ့ပြီးဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)
ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) မိတ္ထီလာတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အိမ်ခြေ ၃၀၀ ခန့် မိုးရေလျှံတက် ဝင်ရောက်မှုဖြစ်ပေါ်လျက် ရှိပြီး ယင်းရေလျှံတက်ဝင်ရောက်သည့်အိမ်ခြေ ၃၀၀ ခန့်အနက် အိမ်ခြေ ၁၄အိမ် ခန့်သာလုံးဝနေထိုင်၍ မရသည့်အနေအထား တွင်သာရှိသေးသဖြင့် ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားခြင်းမျိုးမရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့၌ ကျင်းပလျက်ရှိသည့် (၅)ကြိမ်မြောက် အာရှသဲသောင်ပြင် အားကစားပြိုင်ပွဲ ဗိုဗီနမ်ပြိုင်ပွဲ ဒုတိယနေ့တွင် မြန်မာအသင်းမှ မောင်ခိုင်ဇင်ဝင်းနှင့် မစုလဲ့ဖြိုးတို့ ယှဉ်ပြိုင်သည့် Mixed events Weapon Self-Defense အမျိုးသား/ အမျိုးသမီး နှစ်ယောက်တွဲ ပြိုင်ပွဲ၌ တတိယ...