နယူးဒေလီ ၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ၏ အဓိကအတိုက်အခံပါတီဖြစ်သည့် ကွန်ဂရက်ပါတီခေါင်းဆောင် မစ္စက်ဆိုနီယာဂန္ဒီသည် မြို့တော်ဒေလီရှိ ဆေးရုံတစ်ရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
ဆန်နား၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ) ယီမင်နိုင်ငံ မြောက်ပိုင်းတွင် ဆော်ဒီ ဦးဆောင်သည့် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် နယ်စည်း မခြား ဆရာဝန်များအဖွဲ့ (MSF) က ယီမင် မြောက်ပိုင်း ဆေးရုံ ခြောက်ခုရှိ ၎င်းတို့၏ ဝန်ထမ်းများအား ပြန်လည် ခေါ်ယူခဲ့ကြောင်း အဆိုပါ...
ရန်ကုန်၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ) ရန်ကုန်မြို့ရှိ လူဦးရေ တိုးပွားမှုနှုန်းနှင့်အညီ နေရာထိုင်ခင်းများ ပေးနိုင်ရန် ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် ယခုနှစ်အတွင်း တန်ဖိုးငွေကျပ် သိန်း ၁ဝဝ အောက် တိုက်ခန်းများ ပါရှိမည့် တန်ဖိုးနည်း အိမ်ရာများကို ဆက်တိုက် အကောင်အထည်ဖော် တည်ဆောက်ပေးသွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ...
ရန်ကုန်၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ) ဒုတိယကမ္ဘာစစ် အတွင်းက အသုံးပြုခဲ့သော သမိုင်းဝင် လေယာဉ်တစ်စင်း ဖြစ်သည့် စီ-၄၇ ၏ နောက်ဆုံး ဟမ့်တောင်ကုန်း တစ်လျှောက် ပျံသန်းသည့် ခရီးစဉ်အဖြစ် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ သြဂုတ် ၂၀ ရက် နံနက်ပိုင်း၌ ရောက်ရှိမည်...
ရီယို ဒီဂျနေရို၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှ ဆယ်ကျော်သက် အမျိုးသမီး ဒိုင်ဗင်သမား ရန်းချန့် သည် သြဂုတ် ၁၈ ရက် က ၁၀မီတာအမြင့် ဒိုင်ဗင်ဖိုင်နယ်ပွဲတွင် အနိုင်ရရှိခဲ့ပြီး ရီယို အိုလံပစ်ပြိုင်ပွဲ၏ အသက်အငယ်ဆုံး ရွှေတံဆိပ်ဆုရှင် ဖြစ်လာကြောင်း သိရသည်။
ရန်ကုန်၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ) တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ရွှေပြည်စိုးကျေးရွာအုပ်စု၊ချောင်းဝကျေးရွာ ၏ အရှေ့ဘက် တစ်မိုင်ခန့်အကွာ၌ ကျပ်သိန်း ၂၇၀၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန်သည်။
ဝါရှင်တန်၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ) အမေရိကန် သမ္မတ ဘားရတ် အိုဘားမားသည် စက်တင်ဘာလ အစောပိုင်းတွင် တရုတ်နှင့် လာအို နိုင်ငံသို့ သွားရောက်ရန်ရှိကြောင်း၊ ခရီးစဉ်အတွင်း တရုတ်နိုင်ငံတွင် ကျင်းပမည့် G20 ထိပ်သီး အစည်းအဝေး တက် ရောက်ခြင်းနှင့် ပထမဆုံး လာအိုနိုင်ငံသို့ သွားရောက်ခြင်းလည်း...
ကာရာကပ်စ် ၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ) ဗင်နီဇွဲလား နှင့် ကိုလံဘီယာ အစိုးရတာဝန်ရှိသူများသည် နှစ်ဖက်ပြည်သူများအား နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတဆင့် တာယာနှင့်ကားအစိတ်အပိုင်းများကိုလည်း တင်သွင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သြဂုတ်လ ၁၉ ရက်တွင် ပြောကြားသည်။
တန်ဇန်းနီးယား၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ) တန်ဇန်းနီးယားနိုင်ငံ အနောက်တောင်ပိုင်း Songwe ဒေသတွင် လွန်ခဲ့သည့် သုံးရက်က သုံးနှစ်အရွယ်ကလေး တစ်ဦး ခြင်္သေ့အကိုက်ခံရပြီးနောက်ပိုင်း ရွာသားများသည် နေ့စဉ် ကြောက်ရွံ့ထိတ်လန့်မှုများဖြင့် နေထိုင်စားသောက်နေရကြောင်း အာဏာပိုင်များက သြဂုတ် ၁၈ ရက်တွင်ပြောကြားခဲ့သည်။
ဂျေရုဆလင်၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ မြို့တော် ကိယက်ဗ် သို့ ဦးတည်ပျံသန်းမည့် ခရီးသည် ၁၈၂ဦးတင်ဆောင်လာသော အစ္စရေးလေယာဉ် တစ်စီးသည် သြဂုတ်လ ၁၈ ရက် ညပိုင်းက လေဆိပ်မှထွက်ခွာစဉ် လေယာဉ်ဘီးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့၍ Tel Aviv မြို့ ၌...