Connect with us

Politics, Law & Military

ကျပ်သိန်း၂၇၀၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

ဖမ်းဆီးရမိသည့်မူးယစ်ဆေးဝါးများအားတွေ့ရစဉ် (ဓာတ်ပုံ-- မြန်မာနိုင်ငံရဲတပ်ဖွဲ့)

ရန်ကုန်၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ)

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ရွှေပြည်စိုးကျေးရွာအုပ်စု၊ချောင်းဝကျေးရွာ ၏ အရှေ့ဘက် တစ်မိုင်ခန့်အကွာ၌ ကျပ်သိန်း ၂၇၀၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန်သည်။

၎င်းနေရာတွင် ဘီးပေါက်၍ရပ်တန့်ထားသည့် Honda-Odyssey အမျိုးအစားမော်တော်ယာဉ် နံပါတ်ပြား မပါ တစ်စီးအားသြဂုတ် ၁၇ ရက် နံနက်၁၀ နာရီခွဲခန့်တွင် နယ်မြေခံတပ်မတော်သားများက
မသင်္ကာဖွယ်ရာ တွေ့ရှိသဖြင့် ကော့သောင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ မော်တော်ယာဉ် အားစစ်ဆေး ခဲ့ကြောင်း ၊ထိုသို့စစ်ဆေးစဉ် မော်တော်ယာဉ်အတွင်းမှ အလျား ၉ လက်မ၊ အနံ ၅ လက်မ၊ အမြင့်၂ လက်မခန့်ရှိ အထုပ်ကြီးခြောက်ထုပ်အားတွေ့ရှိသဖြင့် ဖွင့်ဖောက်
စစ်ဆေးရာ WYစာတန်းပါ ပန်းရောင်ဆေးပြား ခြောက်သောင်းခန့်(စုစုပေါင်းကာလတန်ဖိုးကျပ်သိန်း ၂၇၀၀ခန့်) အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ မော်တော်ယာဉ်နှင့်မူးယစ်ဆေးဝါးများအား ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူများက ရှာဖွေပုံစံဖြင့်သိမ်းဆည်းကာ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.