ရန်ကုန်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ) မန္တလေးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေရာတော်တော်များများတွင် ရေဝပ် ရေလျှံ မှုများဖြစ်ပေါ် လျက်ရှိခဲ့ရာ ချမ်းမြသာစည်မြို့နယ်အတွင်း တောင်ကျရေများနှင့်အတူ ပန်းရံတော်ချောင်းရေလျှံမှုကြောင့် ရပ်ကွက်များအတွင်း ရေဝင်ရောက်ခဲ့ပြီး အိမ်ထောင်စု အချို့ ရေလွတ်ရာနေရာများရှိ ယာယီ ရေဘေးကယ်ဆယ်ရေး စခန်း များတွင် ပြောင်းရွှေ့ထားရကြောင်းပြန်ကြားရေးဝန်ကြီးဌာန...
ရန်ကုန်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ) မစ်မြန်မာအင်တာနေရှင်နယ် ၏ Talent Show အား သြဂုတ်လ ၂၆ရက်နေ့ နေ့လည် ၂နာရီ မှ ၄နာရီအထိ Chatrium Hotel Yangonတွင် ကျင်းပသွားမည် ဖြစ်ပြီး၊ Miss Myanmar International 2016 အလှမယ်ရွေးချယ်ပွဲအား...
ရန်ကုန်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေး အမြန်လမ်းအတွက် အရေးပေါ်ကယ်ဆယ်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးရန်အတွက် နေပြည်တော် ပြည်သူ့ဆေးရုံကြီး၌ ၁၉၂ Call Centre တစ်ခုဖွင့်လှစ်ထားကြောင်း သိရသည်။
ဂျကာတာ ၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ) ခရီးသည် ၁၇ ဦးလိုက်ပါလာသည့် စက်လှေတစ်စင်းသည် အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း၌ သြဂုတ်လ ၂၁ ရက် (ယနေ့)တွင် တိမ်းမှောက်ခဲ့ရာ လူ ၁ဝ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရကာ ၅ ဦးပျောက်ဆုံးနေကြောင်း ရေတပ်တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ) ဆူဇူကီးဖလား ပြိုင်ပွဲအတွက် ပြင်ဆင်မှုအဖြစ် မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းသည် ဥရောပငါး နိုင်ငံခရီးစဉ် မတိုင်မီ မြန်မာနိုင်ငံ၌ ဖီဖာ အသိအမှတ်ပြု ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားရန် အိန္ဒိယ၊ နယူးဇီလန်နှင့် အာဆီယံဒေသ တွင်း နိုင်ငံများ အပါအဝင် စုစုပေါင်း ခုနစ်နိုင်ငံကို...
နယူးဒေလီ ၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒရာမိုဒီ က ၎င်းဝတ်ဆင်ခဲ့သော ဝတ်စုံကို အမေရိကန်ဒေါ်လာ ၇ဝဝ,ဝဝဝ ဖြင့် လေလံတင်ရောင်းချခဲ့ရာ ၎င်းမှာ ကမ္ဘာ့ဈေးအကြီးဆုံးဝတ်စုံအဖြစ် ဂင်းနစ်စံချိန်စာအုပ်၌ မှတ်တမ်းတင်ခြင်းခံရကြောင်း ANI သတင်းဌာနက သြဂုတ်လ ၂ဝ ရက်တွင် သတင်းဖော်ပြခဲ့သည်။
မနီလာ ၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံသမ္မတ ဒူတာတေးက နိုင်ငံတွင်းမူးယစ်ဆေးဝါးတိုက်ဖျက်မှု လုပ်ငန်းစဉ်တွင် အကူအညီပေးရန် တရုတ်နိုင်ငံက ကမ်းလှမ်းခဲ့ခြင်းအပေါ် ကျေးဇူးတင်ကြောင်း သြဂုတ်လ ၂ဝ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
အက်ဒစ်အဘာဘာ ၊ သြဂုတ် ၂၁ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက စက်တင်ဘာလတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် G20 ထိပ်သီးဆွေးနွေးပွဲ၌ ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အာရုံစူးစိုက်သွားကြရန်နှင့်အတူ ဖွံ့ဖြိုးဆဲနိုင်ငံများအရေးကိုလည်း ဝိုင်းဝန်းစိုးရိမ်ပူပန်ပေးကြရန် အီသီယိုပီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လာရိဖမ် ( La Yifan ) ကသြဂုတ်လ ၁၉ ရက်တွင်ထုတ်ဖော်ပြောကြားလိုက်သည်။
ရန်ကုန်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံသို့ ကျပ်တစ်သိန်းခွဲဝန်းကျင်ဖြင့် တရားဝင်ရွှေ့ပြောင်းအလုပ်လုပ်ကိုင်နိုင်တော့မည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူက မီဒီယာများ နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
အန်ကာရာ ၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံနှင့် ၆ နှစ်ကြာ ဆက်ဆံရေးခပ်တန့်တန့်ဖြစ်နေခြင်းကို အဆုံးသတ်၍ သံတမန်ဆက်ဆံရေး ပုံမှန်အခြေအနေအတိုင်းပြန်ဖြစ်ရန် တူရကီလွှတ်တော်က သြဂုတ်လ ၂ဝ ရက်က အတည်ပြုခဲ့ကြောင်း Daily Sabah သတင်းတွင်ဖော်ပြထားသည်။