ဆစ်ဒနီ၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ) ရှန်ဟိုင်းအခြေစိုက် တရုတ်အကြီးစား ရင်းနှီးမြှုပ်နှံမှု စီးပွားရေးအုပ်စု တစ်ခုက သြစတြေးလျနိုင်ငံ ကွင်းစ်လန်းပြည်နယ် အနီး သန္တာကျောက်တန်းများအလယ် ရှိ ကျွန်းတစ်ကျွန်းအား သြစတြေးလျဒေါ်လာ ၂၅သန်း (အမေရိကန်ဒေါ်လာ ၁၉.၂၁သန်း)ခန့် ဖြင့် ဝယ်ယူခဲ့ကြောင်း သိရသည်။
ဟနွိုင်း ၊ သြဂုတ် ၁ဝ ရက်(ဆင်ဟွာ) ဗီယက်နမ်နိုင်ငံသည် ၂ဝ၁၇ ခုနှစ် မှစတင်ကာ နိုင်ငံခြားခရီးသွားများပြည်တွင်းဝင်ရောက်ရာတွင် လွယ်ကူချောမောစေရန် အီလက်ထရောနစ် (ဒီဂျစ်တယ်) ဗီဇာစနစ်ကို ကျင့်သုံးသွားမည်ဟု ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် Nguyen Xuan Phuc က ပြောကြားသည်။
နေပြည်တော်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ) သြဂုတ်လကုန်တွင် ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၁၅၀ ဦးအပါအဝင် အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်ပေါင်း ၇၀၀ ဦးခန့် တက်ရောက် မည်ဟု နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန...
လန်ဒန်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံရှိ ဟယ်ရီပေါ်တာနှင့် ပရော်ဖက်ဆာ စတုန်း ဝတ္ထု ထုတ်ဝေခြင်း နှစ် ၂၀ ပြည့် အထိမ်းအမှတ် ပြပွဲအား ၂၀၁၇ ခုနှစ် ဆောင်းဦးရာသီတွင် ပြုလုပ်ရန်ရှိကြောင်း ဗြိတိသျှ စာကြည့်တိုက်က သြဂုတ်လ ၉ ရက်က ကြေညာလိုက်သည်။
ဟောင်ကောင်၊ သြဂုတ် ၁ဝ ရက် (ဆင်ဟွာ)Hong Kong Ocean Park တွင် ရှိသည့် ပန်ဒါကြီး ကျားကျားသည် ယခုနှစ်တွင် အသက် ၃၈ နှစ်အရွယ် ရှိပြီဖြစ်ပြီး ကမ္ဘာပေါ်တွင် အသက်အကြီးဆုံးပန်ဒါအဖြစ် ဆက်လက်မှတ်တမ်းတင်နေဆဲဖြစ်သည်။ ကျားကျားနဲ့ အခြားပန်ဒါ ကြီး ၃ ကောင် ၏...
ဆန်ဖရမ်စစ္စကို ၊ သြဂုတ် ၁ဝ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် စစ်စခန်းများ ၊ လေဆိပ်များ နှင့် စက်မှုဇုံများ၌ မီးဘေးကာကွယ်ရေးအတွက် မီးသတ်ဆေးအမြှုပ်များကို အသုံးပြုနေခြင်းကြောင့် အနီးပတ်ဝန်ကျင်ရှိ သောက်သုံးရေများတွင် ဖလူအိုရင်းဓာတုဒြပ်စင် ပျော်ဝင်မှု မြင့်မားလျက်ရှိကြောင်း သုတေသနအဖွဲ့တစ်ခုက သြဂုတ်လ ၉ ရက်တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။
မနီလာ၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ၏ နာမည်ကြီး လက်ဝှေ့သမား မန်နီ ပက်ကွီနိုသည် ကမ္ဘာ့လက်ဝှေ့ အဖွဲ့အစည်း (WBO) ၏ အလယ်အလတ်ဝိတ်တန်း ချန်ပီယံ Jessie Vargas နှင့် နိုဝင်ဘာလ၌ ထိုးသတ်ရန်အတွက် လက်ဝှေ့လောကသို့ ပြန်လည်ဝင်ရောက်လာမည်ဖြစ်ကြောင်း သြဂုတ်လ ၁၀ရက် တွင်ပြောခဲ့သည်။
ဗျူနို အေးရီးစ်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ) မူးယစ်ဆေးဝါး ကုန်သွယ်မှုအား တိုက်ဖျက်ရာတွင် အသုံးပြုရန် အမေရိကန်နိုင်ငံမှ လေယာဉ် ၂၄ စင်းအား အာဂျင်တီးနားက ဝယ်ယူမည် ဖြစ်ပြီး အနည်းဆုံး ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ သန်း ၃၀၀ ခန့် ရှိမည် ဖြစ်ကြောင်း...
ရန်ကုန် ၊ သြဂုတ် ၁၀ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ ကမ်းခြေတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိဟု သတ်မှတ်သော်လည်း မုန်တိုင်းငယ်၏ အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ...
ရီယိုဒီဂျနေရို ၊သြဂုတ် ၁ဝ ရက် (ဆင်ဟွာ) ရီယိုအိုလံပစ်ပြိုင်ပွဲတွင် သတင်းရယူနေကြသည့် သတင်းသမားများလိုက်ပါလာသော ဘတ်စ်ကားသည် သြဂုတ်လ ၉ ရက်က Barra အိုလံပစ်ကစားကွင်းသို့မောင်းနှင်လာစဉ် လမ်းခရီးတစ်နေရာ၌ ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ၊ ယင်းတိုက်ခိုက်မှုကြောင့် ကားပြတင်းမှန်များ ကွဲကြေသွားကြောင်းသိရသည်။