နိုင်ရိုဘီ ၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက အာဖရိကနိုင်ငံများကို ဖြတ်၍ ဖောက်လုပ်နေသော ရထားလမ်းမှာ စက်မှုကဏ္ဍ စွမ်းဆောင်ရည်မြင့်မားစေရန် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု၏ စံနမူနာကောင်း တစ်ခုဖြစ်ကြောင်း ကင်ညာနိုင်ငံသို့ရောက်ရှိနေသည့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက သြဂုတ် ၁ဝ ရက်တွင် ပြောကြားလိုက်သည်။
ပေကျင်း ၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပါကစ္စတန်နိုင်ငံ သမ္မတ မမ်နွမ်ဟူစိန်( Mamnoon Hussain ) အား ပါကစ္စတန်နိုင်ငံ၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်ခံရမှုအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာတစ်စောင်ကို သြဂုတ်လ ၁ဝ ရက်နေ့က ပေးပို့ခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့နှင့် TNLA၊ AA၊ MNDAA သုံးဖွဲ့တို့ တွေ့ဆုံဆွေးနွေးရာ ၂၁ရာစုပင်လုံညီလာခံတွင် ပါဝင်နိုင်ရေး ထုတ်ပြန်ချက်ထုတ်ပြန်ရန် မူအားဖြင့် သဘောတူခဲ့ကြောင်း ငြိမ်းချမ်းရေးကော်မရှင်က တာဝန်ရှိသူတစ်ဦးက ဆိုသည်။
နေပြည်တော်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် နှစ်ရှည်လများ အမြစ်တွယ် ကြီးထွားလျက် ရှိသည်ဟု လွှတ်တော် ကိုယ်စားလှယ်များ သုံးသပ် ဆွေးနွေးထားသည့် အဂတိ လိုက်စားမှုကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်နိုင်ရန် အတွက် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ပြန်လည်စိစစ် လေ့လာ သုံးသပ်ပေးရန်...
ရန်ကုန် ၊ သြဂုတ် ၁၀ ရက်(ဆင်ဟွာ) ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတို့မှာ မုန်တိုင်း၏ အဝန်းအဝိုင်းအတွင်းသို့ ရောက်ရှိနေသဖြင့် လက်ရှိအခြေအနေအား လိမ္မော်ရောင် အဆင့်ဟု သတ်မှတ်ထားကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတိပေး နှိုးဆော်ချက် ထုတ်ပြန်ခဲ့သည်။
နေပြည်တော် ၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ) ရေဘေး အန္တရာယ် ကျရောက်နေသည့် ဒေသများရှိ ပြည်သူများအား ကူညီရန် ပြည်သူ့လွှတ်တော်က ကျပ် သိန်း ၁၅၀ တိတိကို ပေးလှူပြီး ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်သို့အသိပေး ပြောကြားခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ) ဇူလိုင်နောက်ဆုံးပတ်မှာ ကုန်သွယ် ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၄. ၃၇၁ သန်းတန်ဖိုးရှိ ဆန် ၁၃,၃၃၁ တန်ပို့နိုင်ခဲ့ကြောင်း၊ ဇွန်လတင်ပို့မှုထက် ၆၅၄၈ တန် လျော့နည်းခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
ရုရှား၊ သြဂုတ် ၁ဝ ရက် (ဆင်ဟွာ)အိုလံပစ် ပြိုင်ပွဲကဲ့သို့ပင် ကမ္ဘာ့နိုင်ငံများမှ တပ်မတော်များသည် အခြားနိုင်ငံများမှ တပ်မတော်များနှင့် ယှဉ်ပြိုင်ရန် စစ်ဘက်နည်းပညာဆိုင်ရာပြိုင်ပွဲတစ်ရပ်ကို ရုရှားနိုင်ငံတွင်ကျင်းပခဲ့ပါသည်။ ပြိုင်ပွဲတွင် နိုင်ငံပေါင်း ၁၈ နိုင်ငံ မှ စစ်သည်ပေါင်း ၃ထောင်ကျော်က စည်းကမ်းအမျိုးမျိုး နှင့် တင့်ကား ပြိုင်ပွဲများ၊ လေကြောင်း အတတ်စွမ်းအင်ပြပွဲများနှင့်...
လန်ဒန် ၊ သြဂုတ် ၁ဝ ရက်(ဆင်ဟွာ) မန်ချက်စတာယူနိုက်တက် အသင်းနည်းပြ ဂျိုစ့်မော်ရင်ဟိုက ပြင်သစ်ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာ(Paul Pogba) အား မန်ယူအသင်းမှ ပိုင်ဆိုင်သွားပြီးဖြစ်ကြောင်း ၊ ပေါ့ဘာသည် မန်ယူအသင်းအတွက် ထိပ်တန်းကစားသမားတစ်ဦးဖြစ်လာမည်ဟု မျှော်လင့်ထားကြောင်း အသင်းပိုင် အင်တာနက်စာမျက်နှာပေါ်တွင် သြဂုတ် ၉ ရက်က ကြွေးကြော်ပြောဆိုလိုက်သည်။
ဘန်ကောက်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတွင် ပိုကီမွန် ဂိုး (Pokemon Go) ကစားခြင်းနှင့် ပတ်သက်၍ ဖြစ်လာနိုင်သည့် မတော်တဆမှုများ အား ကာကွယ်ရန် စည်းကမ်းထိန်းသိမ်းမှုများ လုပ်ဆောင်သွားနိုင်မည်ဟု ထိုင်း တာဝန်ရှိသူများက မျှော်လင့် ထားကြောင်း ဘန်ကောက်ပို့စ်က သြဂုတ်လ ၁၀ ရက်က...