နေပြည်တော်၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ) ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်မှ စပြီး ပုဂ္ဂလိက သစ်ထုတ်လုပ်ငန်းများ ရပ်စဲမည်ဟု သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မြန်မာသစ်လုပ်ငန်း၊ စီမံကိန်းနှင့် စာရင်းအင်းဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးညီညီထွန်းက မီဒီယာသို့ ယနေ့ ပြောကြားသည်။
ပေကျင်း၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ) အမေရိကန် အစိုးရသစ်နှင့်အတူ ပူးတွဲ လုပ်ဆောင်မှုများ ပြုလုပ်ကာ တရုတ်-အမေရိကန် ဆက်ဆံရေး ရေရှည်တည်တံ့ပြီး ကောင်းမွန် တည်ငြိမ်သည့် ဖွံ့ဖြိုးတိုးတက်မှုအား ထိန်းသိမ်းသွားကာ နှစ်နိုင်ငံနှင့် ကမ္ဘာ့ ပြည်သူများအတွက် အကျိုးကျေးဇူးများ ရရှိနိုင်ရန် တရုတ်နိုင်ငံက မျှော်လင့်ထားကြောင်း နိုဝင်ဘာလ ၉...
မော်စကို၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ) တရုတ်ဝန်ကြီးချုပ် လီခဲ့ချန် နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင်တို့သည် နိုဝင်ဘာ ၈ရက်က ရုရှားနိုင်ငံ မော်စကိုမြို့တွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး နှင့် တရုတ်-ရုရှား ဆက်ဆံရေး မြှင့်တင်နိုင်ရန်အတွက် အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရသည်။ လီက...
နယူးယောက်၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဖြစ်ရန်အတွက် လိုအပ်သည့် မဲဆန္ဒနယ် အရေအတွက် (Electoral Vote) ၂၇၀ တွင် ၂၇၆ မဲဖြင့် အနိုင်ရရှိခဲ့သည့် ရီပက်ဘလစ်ကန်ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်သည့် ဒေါ်နယ် ဂျေ ထရမ့်သည် အမေရိကန်နိုင်ငံ၏ ၄၅ ယောက်မြောက်...
ကယ်လီဖိုးနီးယား ၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် အစူဇာ(Asuza) မဲရုံ ပြင်ပတွင် နိုဝင်ဘာလ ၈ ရက်က အမေရိကန် သမ္မတရွေးကောက်ပွဲအတွက် မဲပေးနေချိန်အတွင်း သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။၎င်းမဲရုံသည် လော့အိန်းဂျလိစ်မြို့လယ်မှ ၄ဝ ကီလိုမီတာအကွာခန့်တွင် တည်ရှိကြောင်းသိရသည်။ ယင်းပစ်ခတ်မှုကြောင့် လူတစ်ဦးသေဆုံးပြီး အခြား၃ဦး...
နယူးယောက်၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ တစ်ဝန်းလုံး၌ သမ္မတရွေးချယ်ပွဲအတွက် မဲရုံများ နိုဝင်ဘာလ ၈ ရက် ၌ ဖွင့်လှစ်ကာ နိုင်ငံသားများက ဆန္ဒမဲများ ပေးနေပြီ ဖြစ်သည်။ ယခု ရွေးကောက်ပွဲ၌ အမေရိကန်နိုင်ငံ၏ အဓိက ပြိုင်ဘက်ပါတီကြီး နှစ်ခု၏ သမ္မတလောင်းများဖြစ်သည့် ရီပက်ဘလစ်ကန်...
စိန့် ပီတာဘာ့ခ်၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ) လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်ခြင်းနှင့် နယ်စပ်ဒေသအား ငြိမ်းချမ်းစွာ ကာကွယ်ရေး စသည်တို့ တိုးမြှင့် လုပ်ဆောင်ရန်အတွက် နိုဝင်ဘာလ ၇ ရက်တွင် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့က ကတိသစ္စာပြုခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ လီခဲ့ချန်နှင့် ရုရှားနိုင်ငံ ဝန်ကြီးချုပ် ဒီမင်ထရီ...
နယူးယောက် ၊ နိုဝင်ဘာ ၉ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ၏ ၄၅ ယောက်မြောက် သမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခြင်းခံရသူ ဒေါ်နယ်ထရမ့်က နိုဝင်ဘာလ ၉ ရက် အစောပိုင်းတွင် ရွေးကောက်ပွဲအောင်မြင်မှုမိန့်ခွန်းပြောကြားရာ၌ အစိတ်စိတ်အပိုင်းပိုင်းဖြစ်နေသာ အမေရိကန်နိုင်ငံ၏ ဒဏ်ရာများကို ချုပ်ပေးရန် အချိန်ကျရောက်နေပြီဖြစ်ကြောင်း နှင့် တစ်ခုတည်းသော ပြည်သူများစည်းစည်းလုံးလုံးဖြစ်စေရန် အတူတကွလာရောက်ပူးပေါင်းကြရမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။
နယူးယောက်၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ) ရီပက်ဘလစ်ကန်ပါတီမှ ဒေါ်နယ် ထရမ့်သည် ၎င်း၏ ပြိုင်ဘက် ဒီမိုကရက်တစ်ပါတီမှ ဟီလာရီ ကလင်တန်အား နိုဝင်ဘာလ ၉ ရက် အစောပိုင်းက ၄၅ ကြိမ်မြောက် အမေရိကန် သမ္မတ ရွေးကောက်ပွဲ၌ ပွတ်ကာသီကာ အနိုင်ရရှိလာခဲ့သည်။
ရန်ကုန် ၊ နိုဝင်ဘာ ၉ ရက်(ဆင်ဟွာ) နိုင်ငံတော် သမ္မတ ဦးထင်ကျော် ခေါင်းဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ယနေ့နိုဝင်ဘာ ၉ ရက်တွင် ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့သို့တစ်ရက်တာ ခရီးအဖြစ် သွားရောက်၍ နတ်ရွာစံ ထိုင်းဘုရင်မင်းမြတ်အား ဂါရဝပြု လွမ်းသူ့ ပန်းခွေချပြီး ဝမ်းနည်းကြောင်း မှတ်တမ်းစာအုပ်တွင်...