Connect with us

North America

ရန်လိုမှုမဟုတ်ဘဲ ပဋိပက္ခကိုရှောင်လွှဲ၍ မိတ်ဆွေဆက်ဆံရေး တည်ဆောက်သွားမည်ဟု ဒေါ်နယ်ထရမ့်ပြော

၄၅ ယောက်မြောက် အမေရိကန်သမ္မတဖြစ်လာသူ ဒေါ်နယ်ထရမ့်အားတွေ့ ရစဉ်(ဆင်ဟွာ)

နယူးယောက် ၊ နိုဝင်ဘာ ၉ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ၏ ၄၅ ယောက်မြောက် သမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခြင်းခံရသူ ဒေါ်နယ်ထရမ့်က နိုဝင်ဘာလ ၉ ရက် အစောပိုင်းတွင် ရွေးကောက်ပွဲအောင်မြင်မှုမိန့်ခွန်းပြောကြားရာ၌ အစိတ်စိတ်အပိုင်းပိုင်းဖြစ်နေသာ အမေရိကန်နိုင်ငံ၏ ဒဏ်ရာများကို ချုပ်ပေးရန် အချိန်ကျရောက်နေပြီဖြစ်ကြောင်း နှင့် တစ်ခုတည်းသော ပြည်သူများစည်းစည်းလုံးလုံးဖြစ်စေရန် အတူတကွလာရောက်ပူးပေါင်းကြရမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

“ ကျွန်တော်တို့ဟာ ဘုံကျတဲ့ ထင်မြင်ချက် ယူဆချက်၊ အကျိုးစီးပွားတွေကို ရှာရမယ်။ ရန်လိုမှုတော့မဟုတ်ဘူး။ ပဋိပက္ခတွေအတွက်မဟုတ်ဘဲ မိတ်ဆွေဆက်ဆံရေး တည်ဆောက်သွားဖို့ပါပဲ” ဟု နယူးယောက်မြို့လယ်ရှိ Hilton ဟိုတယ်၌ ပြုလုပ်သော ရွေးကောက်ပွဲအောင်ပွဲခံအခမ်းအနားတွင် ထရမ့်က ပြောဆိုလိုက်ခြင်းဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.