ရန်ကုန် ၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) တိုင်းဒေသကြီး/ပြည်နယ်အလိုက် ရိုးရာ ယဉ်ကျေးမှုများကို အခြေခံ၍ အသေးစား အလတ်စား စီးပွားရေး လုပ်ငန်းများကို လုပ်ဆောင်သွားကြရမည် ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းက ပြောကြားခဲ့သည်။
ရန်ကုန်၊ အောက်တို ၂၂ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD) နှင့် ပေါင်းစပ် ပါဝင်ရန် ပုဂ္ဂလိက ကဏ္ဍ ကျွမ်းကျင်သည့် ကဏ္ဍ ၉ ရပ်ကို ရွေးချယ်ပြီး သက်ဆိုင်ရာ အသင်းအဖွဲ့ ကိုယ်စားလှယ်များနှင့် လုပ်ငန်းရှင်များ...
ပေကျင်း ၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) ကျင်းပဆဲ ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ(CPC) အမျိုးသားညီလာခံသို့ကမ္ဘာ့ခေါင်းဆောင်များ ၊ နိုင်ငံရေးပါတီများ နှင့် အဖွဲ့အစည်းများမှ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီးသီး ပေးပို့ခဲ့ကြောင်း သိရသည်။
ပေကျင်း၊အောက်တိုဘာ၂၁ရက်(ဆင်ဟွာ) ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တာဝန်ထမ်းဆောင်နေသော တရုတ်လူမျိုးအဖွဲ့ဝင်ပေါင်း ၂၅ဝဝ ကျော်ရှိပြီး ၁၉၉ဝ ခုနှစ်ကတည်းက ကုလသမဂ္ဂ၏ တာဝန်များတွင် ပထမဆုံးအကြိမ်ချိတ်ဆက်ဆောင်ရွက်ခြင်းဖြစ်ပြီး လက်ရှိတွင် ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ကူညီထောက်ပံ့ပေးသည့် ဒုတိယအင်အားအကြီးဆုံးနိုင်ငံတစ်နိုင်ငံဖြစ်လာသည်။ လွန်ခဲ့သည့် ၅ နှစ်တာကာလအတွင်း တရုတ်လူမျိုး ငြိမ်းချမ်းရေးထိန်းသိမ်းသူများက ပဋိပက္ခဒေသ ၉ ခုတွင် တာဝန်များကိုအသီးသီးထမ်းဆောင်ခဲ့ကြသည်။...
ရန်ကုန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့တွင် မိုးများရွာသွန်းပြီး ရေလျှံမှုများကြောင့် ယနေ့ အောက်တိုဘာ ၂၁ ရက်နေ့၌ စမုံမြစ်နှင့် ပန်းလောင်မြစ်ဘေး အနိမ့်ပိုင်းကျေးရွာများဖြစ်သော ရွာပေါင်း ၁၄ရွာမှ အိမ်ထောင်စု ၁၃၇၁စု ပြောင်းရွှေ့နေထိုင်နေရကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ပေကျင်း၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ၏ စီးပွားရေးသည် ၂၀၁၇ခုနှစ်အတွက် အစိုးရ၏နှစ်စဉ် စီးပွားရေးတိုးတက်မှုမျှော်မှန်းချက် ဖြစ်သည့် ၆.၅ရာခိုင်နှုန်း ကို ပြည့်မီ (သို့ ) ကျော်လွန်သွားနိုင်သည်ဟု ခန့်မှန်းရကြောင်း စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ အကြီးအကဲတစ်ဦးက အောက်တိုဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။ “စီးပွားရေးတိုးတက်မှုမျှော်မှန်းချက်ဖြစ်တဲ့...
ပေကျင်း၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အထူးသံတမန်အဖြစ် ဒုတိယဝန်ကြီးချုပ် ကျန်းကောလိသည် ထိုင်းဘုရင်ဟောင်း ဘူမိဘောအဒူယာဒက်၏ ဈာပနအခမ်းအနားသို့ အောက်တိုဘာ ၂၅ ရက်မှ ၂၇ရက်အထိ တက်ရောက်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနပြောရေးဆိုခွင့်ရှိသူ လုခန်က အောက်တိုဘာ ၂၀ ရက်တွင်ပြောကြားခဲ့သည်။ (Xinhua)
နယူးဒေလီ၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ပိုင်း Maharashtra ပြည်နယ် တွင် အောက်တိုဘာ ၂၁ရက်က ကြွေပြားများ တင်ဆောင်လာသော ကုန်တင်ကားတစ်စီး တိမ်းမှောက်ခဲ့ရာ အနည်းဆုံးလူ ၁၀ဦးသေဆုံးပြီး အခြားလူ ၁၂ဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ပြောကြားခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံအနေဖြင့် MyanmarSat-2 ဂြိုဟ်တုစနစ်ကို ၂၀၁၉ခုနှစ်တွင် စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ်တည်ထောင်ရေး ဦးဆောင်ကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။