ရန်ကုန်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် ပဲကြီးကျေးရွာအနီး ပုသိမ်-မုံရွာ အဝေးပြေးလမ်းမကြီးပေါ်တွင် အောက်တိုဘာလ ၂၂ ရက် နံနက် ၇ နာရီ ၄၅ မိနစ်တွင် ဘုရားဖူးခရီးသည်တင်ယာဉ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွားရာ နှစ်ဦးသေဆုံးပြီး ၂ဝ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) တပ်မတော်(လေ)မှ လေ့ကျင့်ပျံသန်းရေး G-4 ဂျက်လေယာဉ်မှ လေယာဉ်မှူး ၂ ဦးသည် လေယာဉ်ပျက်ကျပြီးနောက် နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ယနေ့ အောက်တိုဘာ ၂၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ဒူလွန်၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအနောက်တောင်ပိုင်း ဒူလွန်တောင်ကြားတွင်ရှိသည့် ဒူလွန်ရွာသည် တစ်နှစ်လျင် ၆ လခန့် ဆက်သွယ်သွားလာ၍မရသောရွာတစ်ရွာဖြစ်ခဲ့သည်။ နှင်းများထူထပ်စွာကျကာ တောင်များကြားထဲတွင်ရှိသောကြောင့် သွားလာရေးအလွန်ခက်ခဲကာ ကျန်းမာရေးကိစ္စများတွင်လည်းဆေးရုံဆေးခန်းသို့အချိန်မီမရောက်နိုင်သောကြောင့် အသက်ဆုံးရှုံးခဲ့ရမှုများလည်းရှိသည်။ သို့သော် ယခုအခါ ၎င်းရွာတည်ရှိသည့် တောင်ကြားကို ဥမင်ဖောက်လုပ်ပြီးစီးဖြစ်၍ ရာသီမရွေးသွားလာနိုင်ပြီဖြစ်သည်။ ထိုဥမင်လှိုဏ်ခေါင်းမှတစ်ဆင့်ကူးသန်းရောင်းဝယ်ရေးလည်းဆောင်ရွက်နိုင်သောကြောင့် ဒေသခံများဝင်ငွေတိုးတက်ဖွံ့ဖြိုးခဲ့သည်။ အစိုးရ၏ ဆင်းရဲမွဲတေမှုပပျောက်ရေးစီမံချက်ကြောင့်...
ပေကျင်း၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) လွန်ခဲ့သည့် နှစ်ပေါင်း ၅ထောင်ကျော်မှ စတင်သည့် တရုတ်နိုင်ငံ၏ သမိုင်းအထင်ကရ ပုံရိပ်များကို ကာတွန်း video ဖြင့်ဖန်တီးထားခြင်းဖြစ်ပါသည်။ တရုတ်လူမျိုးတို့၏ ရိုးရာ ယဉ်ကျေးမှု အနှစ်သာရကိုမြင်တွေ့ခံစားနိုင်မည့် ထို ကာတွန်း ပုံရိပ် video ကို ဆင်ဟွာသတင်းဋ္ဌာနမှ ဖန်တီးတင်ဆက်ခြင်းဖြစ်ပါသည်။...
ပေကျင်း၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံပေကျင်းတွင်ကျင်းပလျက်ရှိသည့် ၁၉ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ညီလာခံသို့ နိုင်ငံပေါင်း ၁၃၄ နိုင်ငံမှ နိုင်ငံခြား သတင်းထောက် တက်ရောက်သတင်းရယူလျက်ရှိသည်။ ၎င်းတို့ ထံမှ ညီလာခံနှင့်ပတ်သက်သည့် စကားသံများကို ဆင်ဟွာသတင်းဋ္ဌာနမှ ယခုကဲ့သို့မေးမြန်း ရိုက်ကူးခဲ့ပါသည်။(Xinhua)
ပေကျင်း၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အိမ်ခြံမြေ ဈေးကွက်က ယခုနှစ် စတုတ္ထလေးပတ်တာကာလအတွင်း ဆက်လက် တည်ငြိမ်နေမည်ဟု မျှော်မှန်းထားကြောင်း အဆင့်မြင့် အရာရှိ တစ်ဦးက ယနေ့ (အောက်တိုဘာလ ၂၂ ရက်) တွင် ပြောကြားလိုက်သည်။
ရန်ကုန် ၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ စက်မှု နှင့် စီးပွားရေး ဘဏ် (Industrial and Commercial Bank of China,ICBC) ရန်ကုန် ဘဏ်ခွဲ က အောက်တိုဘာ ၂၁ ရက်နေ့ ညပိုင်းအချိန်တွင် ရန်ကုန်မြို့ရှိ...
ပေကျင်း၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) တရုတ် ကွန်မြူနစ်ပါတီ (CPC) သည် မြောက်ကိုရီးယား အာဏာရပါတီနှင့် ဆက်သွယ်မှု၊ ဆွေးနွေးမှုများ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း CPC တာဝန်ရှိသူ တစ်ဦးက အောက်တိုဘာလ ၂၁ ရက်တွင် ပြောကြားလိုက်သည်။
ပေကျင်း၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) တရုတ် ကွန်မြူနစ်ပါတီ၏ (CPC) ၏ ၁၉ ကြိမ်မြောက် အမျိုးသား ညီလာခံ ကျင်းပနေစဉ် တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံ ဆက်ဆံရေး တည်ငြိမ်ပြီး တိုးတက်မှုရှိစေရန်အတွက် CPC တာဝန်ရှိသူ တစ်ဦးက အောက်တိုဘာလ ၂၁ ရက်တွင် ပြောကြားလိုက်သည်။