ရန်ကုန်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ) ဧရာဝတီမြစ်ရေ ဆက်လက်မြင့်တက်လာပြီး ဟင်္သာတမြို့နယ် တောင်လုံးစုကျေးရွာအုပ်စု အောက်ရွာလေးကျေးရွာရှိ အိမ်ထောင်စု ၄၄ စုမှ လူဦးရေ ၁၈၅ ဦးတို့သည် နေအိမ်အတွင်း ရေများဝင်ရောက်လာမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ) ဇူလိုင် ၂၀ ရက် ညပိုင်းက ဘူးသီးတောင်မြို့မှ မောင်တောမြို့သို့ မောင်းနှင်လာသည့် ဟိုင်းလတ်ယာဉ်ပေါ်လိုက်ပါလာသည့် ခရီးသည်များထံမှ ငွေကျပ် သိန်း ၁၅၆၀ တန်ဖိုးရှိ WY စာတမ်းပါစိတ်ကြွဆေးပြား ၇၈၀၀၀ ပြား ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ မှ သတင်းထုတ်ပြန်သည်။
လော့စ်အိန်ဂျလိစ်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ) အမေရိကန် ရော့ခ်တီးဝိုင်း တစ်ခုဖြစ်သော လင့်ခ်ကင်းပါ့ခ် (Linkin Park) က ၎င်းတို့၏ ဦးဆောင် အဆိုတော် ချက်စတာ ဘန်နင်တန် (Chester Benning ton) ကွယ်လွန်ပြီးနောက် ယင်း၏ မြောက်အမေရိကန် ဖျော်ဖြေပွဲ ခရီးစဉ်အား ဇူလိုင်လ...
ရန်ကုန၊် ဇူလိုင် ၂၂ ရက် (ဆင်ဟွာ) နိုင်ငံတကာ၌ စားဖိုမှူးပညာရပ်ကို သင်ရိုးညွှန်းတမ်းစာအုပ်များဖြင့် သင်ကြားပေးလျက်ရှိသော်လည်း မြန်မာနိုင်ငံ၌ယင်းကဲ့သို့ သင်ရိုးညွှန်းတမ်းမရှိသဖြင့်အနာဂတ်တွင် စားဖိုမှူးသင်ရိုးညွှန်းတမ်း ထွက်ရှိလာ စေရန် မြန်မာစားဖိုမှူးများ ဖွံ့ဖြိုးတိုးတက်ရေးစင်တာ (MCDC) အနေဖြင့် ပညာရေးဝန်ကြီးဌာနသို့ တင်ပြ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ကလင်းနာဂရတ်၊ ရုရှား၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ) ဘော်တစ်ပင်လယ်ပြင်တွင် ဇူလိုင်လကုန်ပိုင်းတွင် ပြုလုပ်မည့် တရုတ်နှင့် ရုရှား စစ်ရေးပြပွဲ တစ်ခုပြုလုပ်ရန် တရုတ် ရေတပ် သင်္ဘောစု ရုရှားနိုင်ငံ ကလင်းနာဂရတ်မြို့သို့ ဇူလိုင်လ ၂၁ ရက်က ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က နယူးယောက်မှ ငွေကြေး အမြောက်အမြား ထောက်ပံ့သူ အန်တိုနီ စကာရမ်မက်စီ (Anthony Scaramucci) အား အိမ်ဖြူတော် ပြန်ကြားရေး ညွှန်ကြားရေးမှူးသစ်အဖြစ် ခန့်အပ်လိုက်ပြီးနောက် အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ရှောင်စပိုက်ဆာ (Sean Spicer)...
ဝါရှင်တန် ၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Tillerson က ကာတာ နိုင်ငံ သည် လက်ရှိ အချိန်တွင် အကြမ်းဖက်မှု နှိမ်နင်းရေး တွင် တက်ကြွစွာ ဆောင်ရွက်ခဲ့သည့် လုပ်ဆောင်မှု များကို ပြုလုပ်ပြီး ဖြစ်သည့်...
အစ္စလာမ်မာဘတ် ၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ) ပါကစ္စတန် နိုင်ငံ စစ်ဘက်ဆိုင်ရာ က အိန္ဒိယ နိုင်ငံ စစ်တပ် သည် ဇူလိုင်လ ၂၁ ရက်နေ့၌ ပါကစ္စတန် နိုင်ငံ မှ ထိန်းချုပ်ထားသည့် ကက်ရှမီးယား ဒေသရှိ ပြည်သူများကို ပစ်ခတ်ခဲ့သောကြောင့် ပါကစ္စတန်...
ရန်ကုန် ၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများ တိုးမြှင့်နိုင်ရေး ကူညီသွားရန် အဆင်သင့် ရှိပြီး လူ့အခွင့် အရေး များ ပိုမို ရရှိလာမည်ဟု ယုံကြည်ကြောင်း ကုလ သမဂ္ဂ ၏ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ ဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီလီက ယနေ့ဇူလိုင်...
ရန်ကုန်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) ၂၀၁၈ အာရှ ယူ-၂၃ ချန်ပီယံရှစ်ဘောလုံးခြေစစ်ပွဲ အုပ်စု(F)၏ အုပ်စုပွဲစဉ်တစ်ပွဲအဖြစ် ဇူလိုင် ၂၁ ရက်(ယနေ့) ည ၆း၀၀ နာရီက သုဝဏ္ဏကွင်း၌ ဘရူနိုင်းအသင်းနှင့် မြန်မာအသင်းတို့ ကစားခဲ့ရာ မြန်မာအသင်းက ၃-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။