ဘာလင် ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ) ဂျာမနီနိုင်ငံ မြူးနစ်မြို့မြေအောက်ရထားဘူတာရုံတွင် ဇွန်လ ၁၃ ရက်က သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားရာ ရဲအရာရှိတစ်ဦးအပါအဝင် လူအများအပြား ဒဏ်ရာရခဲ့ကြောင်း မြူးနစ်ရဲတပ်ဖွဲ့ကဆိုသည်။
ဝါရှင်တန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) ကမ္ဘာ့ လူဦးရေ သုံးပုံ တစ်ပုံ သို့မဟုတ် ကလေးနှင့် အရွယ်ရောက်သူ နှစ် ဘီလီယံကျော်က အဝလွန်နေကြကြောင်း ဇွန်လ ၁၂ ရက်တွင် ထုတ်ပြန်လိုက်သည့် လေ့လာတွေ့ရှိချက်သစ် တစ်ရပ်အရ သိရသည်။
ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် ဗိုလ်မင်းရောင်လမ်းမကြီး တစ်လျှောက်နှင့် လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းတို့၌ ဒလတံတားတည်ဆောက်ရေး အတွက် မြေအားခံနိုင်ဝန် စမ်းသပ်တိုင်းတာခြင်းကို SUNTAC TECHNOLOGIES ကုမ္ပဏီ မှ တာဝန်ယူ၍ နည်းပညာပိုင်းဆိုင်ရာ စမ်းသပ်အကောင်အထည်ဖော်ခြင်းနှင့် စီမံကိန်းလုပ်ငန်းများ အကောင်အထည် ဖော်နိုင်ရေးတို့...
ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) Y-8လေယာဉ်ပျက်ကျမှုရာတွင် ယနေ့ ဇွန် ၁၃ ရက်နေ့ထိ အမျိုးသားရုပ်အလောင်း ၂၄ လောင်း၊ အမျိုးသမီးရုပ်အလောင်း ၂၀ လောင်း၊ ကလေးရုပ်အလောင်း ၄ လောင်း စုစုပေါင်းရုပ်အလောင်း ၄၈ လောင်းအား ရုပ်မည်ခွဲခြားမှုပြုလုပ်နိုင်ကာ သဂြိၤုလ်ထားပြီးဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက...
ခတ္တမန္ဒူ၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) နီပေါနိုင်ငံသူ Lhakpa Sherpa ဆိုသူသည် ကမ္ဘာ့အမြင့်ဆုံး ဖြစ်သည့် ဧဝရတ်တောင် သို့ ၈ ကြိမ် တိုင် တက်ရောက်နိုင်ခဲ့သူဖြစ်သည်။ သူမသည် ဧဝရတ်တောင်ထိပ်သို့ ၂ဝဝဝ ခုနှစ်က စတင် တက်ရောက် ခဲ့ခြင်းဖြစ်သည်။ တောင်ထိပ်သို့ ၁ဝ...
ဟီနန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟီနန်ပြည်နယ်တွင် မြတ်စွာဘုရားရှင်နှင့် နောက်လိုက်တပည့်ရဟန်းတို့အား ကိုယ်စားပြုကာ ထွင်းထုပူဇော်ထားသည့်ရုပ်ပွားတော်များကို ဖူးမြော်လေ့လာနိုင်သည်။ အရွယ်အစားအားဖြင့် ၂၅ မီလီမီတာ မှသည် ၁၇ မီတာခန့်ရှိ ရုပ်တုပေါင်း ၁သိန်းကျော် အား ကျောက်ဂူပေါင်း ၂၃၄၅ ခုအတွင်းတွင် ထုလုပ်ထားရှိသည်။...
ကယ်လီဖိုးနီးယား၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားတွင် ဇွန်လ ၁ဝ ရက် နေ့က ကမ္ဘာ့အရှည်ဆုံးပီဇာ ပြုလုပ်ခဲ့ကြသည်။ အဆိုပါ ပီဇာမှာ အရှည် ၆၃၃ဝ.၃ဝ ပေ ရှိကာ အလေးချိန်အားဖြင့် ၇၈ဝ၈ ကီလို ရှိသောကြောင့် လွန်ခဲ့သည့် နှစ်က အီတလီနိုင်ငံတွင်...
ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းဆဲ ကာလ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်အတွက် ဆွီဒင်နိုင်ငံမှ ဆက်လက် ကူညီပံ့ပိုးရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွီဒင်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ စတီဖန်လိုဗန် တို့သည် ဇွန် ၁၂ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁...
ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေ ကို ဖြတ်ကျော်ဝင်ရောက်ခဲ့သော မုန်တိုင်းငယ် (Depression)၏ အကြွင်းအကျန် တိမ်တိုက်များကြောင့် လည်းကောင်း၊ ဘင်္ဂလားပင်လယ်အော်(ရခိုင်ကမ်းရိုးတန်းဒေသ)တွင် မုတ်သုံလေအားကောင်းရာမှ အား အလွန်ကောင်းနေခြင်းကြောင့်လည်းကောင်း နောက်(၇၂)နာရီအတွင်း ရခိုင်ပြည်နယ်တွင် မိုးဆက်လက်ကြီး နေမည်ဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ ဇွန် ၁၃ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ် ၊ ကျောက်ဖြူခရိုင် ၊ အမ်းမြို့နယ်တွင် ယနေ့ဇွန် ၁၃ ရက် နံနက်ပိုင်းတွင် မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများ စီးဆင်းသဖြင့် အမ်းမြို့နယ် မဲလက်မောင်း ကျေးရွာ အုပ်စု ၊ ရန်ကုန်-စစ်တွေ ကားလမ်းမကြီး...