နေပြည်တော်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ဗဟိုဘဏ်၏ မှတ်တမ်းများအရ ငွေစက္ကူအတု ပျံ့နှံ့မှု ပမာဏသည် ၀ ဒသမ ၀၀၀၅၄ ရာခိုင်နှုန်းသာ ရှိသည်ဟု ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးစိုးမင်းက ယနေ့ ပြည်သူ့လွှတ်တော် အစည်း အဝေးတွင် ပြောခဲ့သည်။
စင်ကာပူ ၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) စင်ကာပူနိုင်ငံ၌ အကြမ်းဖက်ဝါဒီ စင်ကာပူနိုင်ငံသား အမျိုးသမီးတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း စင်ကာပူနိုင်ငံပြည်ထဲရေးဝန်ကြီးဌာန ဇွန်လ ၁၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၊ သထုံငါးလုပ်ငန်းစခန်းမှ မွန်ပြည်နယ်အတွင်း ရေသယံ ဇာတပေါကြွယ်ဝရေး၊ စဉ်ဆက်မပြတ် ငါးမျိုးမပြုန်းတီးရေးနှင့် ငါးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ယခုနှစ်တွင် ငါးသားပေါက်ကောင်ရေ ၂၅ သိန်းထုတ်လုပ် ဖြန့်ဝေ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဆိုးလ်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံတွင် ဇွန်လ ၁၃ ရက် အစောပိုင်းက ပရော်ဖက်ဆာ တစ်ဦး၏ ရုံးခန်းသို့ ပို့ဆောင်လာသည့် အကြမ်းဖက်လုပ်ရပ်ဟု သံသယရှိသော ပါဆယ် တစ်ခု ပေါက်ကွဲရာမှ ပရော်ဖက်ဆာ ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်အား ကိုးကား၍ ယွန်ဟပ် သတင်းအေးဂျင်စီက...
ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) နိုင်ငံတော်ပိုင်မြေကွက်များကို ကိုယ်ကျိုးစီးပွားအတွက် မြို့တည်ရောင်းချနေသူများအား ဥပဒေနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
မိုဆူးလ်၊ အီရတ်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံ မိုလ်ဆူးမြို့ရှိ Al-Khazir-2 ဒုက္ခသည်စခန်းတွင် ဇွန်လ ၁၂ ရက်က ရာမာဒန် (Ramadan) ဥပုသ်လ နံနက်စာ စားသုံးစဉ်တွင် သက်တမ်းလွန် အစားအစာများ စားသောက်ပြီးနောက် နေရပ် ရွှေ့ပြောင်းလာသူပေါင်း ၉၀၀ ကျော် ဖျားနာခဲ့ကြောင်း...
ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် သံချောင်းကျေးရွာ နှင့် ပီပင်ရင်းကျေးရွာများတွင် ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေ အိမ်အချို့ ပျက်စီးသွားကြောင်း သိရသည်။
အော့စလို ၊ ဇွန် ၁၃ ရက်(ဆင်ဟွာ) နော်ဝေနိုင်ငံအစိုးရသည် နိုင်ငံအတွင်းရှိ မူကြိုကျောင်းများအားလုံး နှင့် နိုင်ငံတစ်ဝန်းလုံးရှိ ပညာရေးဌာနများဖြစ်သော စာသင်ကျောင်းများ ၊ ကောလိပ်များ နှင့် တက္ကသိုလ်များတွင် မျက်နှာကိုဖုံးကွယ်ထားသည့် ခေါင်းမြီးခြုံ ဝတ်စုံများကို တားမြစ်သွားရန် အဆိုပြုထားကြောင်း ဇွန်လ ၁၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဇွန် ၁၃ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ် ၊ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ် စံပြကျေးရွာ အရှေ့စုရပ်ကွက်၌ ဇွန် ၁၂ ရက်တွင် အင်အားပြင်း လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူ ၂ ဦး သေဆုံးကာ ၄ ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း...
ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) ပျက်ကျ တပ်မတော် Y-8လေယာဉ်ရှာဖွေရာတွင် ယနေ့ ဇွန် ၁၃ရက်နေ့ နံနက် ၉ နာရီထိ ရုပ်အလောင်း ၈၅ လောင်းထိရှာဖွေတွေ့ရှိထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။